အပိုင်း ( ၁၀ )

13K 1.1K 30
                                    

ring ring ring ~~~

မြည်လာသော နှိုးစက်သံကြောင့် ရုတ်တရက်လန့်နိုးကာ ထထိုင်မိလိုက်သည်။

ထို့နောက် နဖူးပေါ်မှာ စိုထိုင်းထိုင်း လက်ကိုင်ပုဝါအဖြူ လေးကို မြင်လိုက်တော့ အံ့သြသွားမိသည်၊

မနက်အိပ်ရာထရန် alarm ပေးထားသောအချိန်မှာ ခြောက်နာရီဖြစ်သော်လည်း ယခုက ရှစ်နာရီပင်ထိုးနေပင်ဖြစ်သည်။

တအံ့တသြဖြစ်နေစဉ် ကုတင်ဘေးရှိ စားပွဲခုံပေါ်တွင် တင်ထားသော စာရွက်ကိုတွေ့၍ ယူကာ ဖတ်လိုက်သည်။

* ညီလင်းကို ကိုကိုနှုတ်မဆက်ဘဲ ထွက်သွားမိလို့ sorryပါကွာ၊ ပြန်လာမှ ချော့တော့မယ်၊ ညက ကိုကိုထင်တဲ့အတိုင်းပဲ ညီလင်းအခန်းထဲကို ဝင်လာတော့ အဖျားတက်နေတာတွေ့တာနဲ့ ကိုကိုပဲ ရေပတ်တိုက်ပြီး စောင့်ပေးနေတာ၊ alarm ကိုလည်း အစောကြီးပေးထားလို့ ကိုကို ပြန်ပြောင်းပေးခဲ့တယ်၊ အလုပ်ကိုလည်း စိတ်မပူပါနဲ့၊ ကိုကိုကိုယ်တိုင်ဖုန်းဆက်ပြီး ပြောထားတယ်၊ အိမ်မှာနားနားနေနေ နေ၊ တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်၊ ကိုကို ချက်ချင်းပြန်လာခဲ့မယ် ၊ အစစအရာရာဂရုစိုက်ပါ ညီလင်း *

ကိုကိုရေးထားသောစာကို ဖတ်ရင်းပင် ပြုံးမိလိုက်သည်။

ကျွန်တော့်အပေါ် ဂရုစိုက်လွန်လွန်းနေသည်ကို စာထဲကတစ်ဆင့်ပင် တွေ့နိုင်သည်လေ။

ကိုကို့ ကျေးဇူးနှင့် အဖျားကျသွားသော်လည်း အလုပ်မသွားရတော့သောကြောင့် စောင်ထဲတွင်ထပ်ကွေးရန် ပြင်လိုက်သည်။

" အိမ်ရှင်တို့ "

ပြန်အိပ်ပါမည်ဆိုကာမှ အိမ်ရှေ့မှ အသံကြားတာကြောင့် စုတ်တစ်ချက်သပ်မိသွားသည်။

" ကျစ်၊ စောစောစီးစီး အလှူ ခံတွေလားကွာ "

စိတ်ညစ်ကာ ခေါင်းကိုဆွဲဖွရင်း စောင်ခေါင်းမြီးခြုံကာ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

အိမ်ရှင်တို့ဟု အခါတစ်ရာခေါ်နေသော်လည်း ပေါ်မလာသောကြောင့် ဟိန်းခန်းတစ်ယောက် ဓူဝံ့အိမ်ရှေ့တွင် ပတ်ချာလည်လျှောက်နေသောကြောင့် မြေကြီးပင်ကျွံဝင်တော့မည်။

ထင်မှတ်မထားသော ||Completed||Where stories live. Discover now