အပိုင်း ( ၁၃ )

11.5K 1K 13
                                    

ယနေ့က တနင်္ဂနွေနေ့၊ အလုပ်ပိတ်ရက်ဖြစ်သော်လည်း အိပ်ရာထဲတွင် ကွေးမနေနိုင်ပေ။

အကြောင်းမှာ ကိုဟိန်း၏မွေးနေ့ဖြစ်၍ မုန့်လိုက်ကျွေးခြင်းသည်ဟုဆိုကာ ချိန်းဆိုထားသောကြောင့် ဖြစ်သည်။

သို့နှင့် ရေမိုးချိုးပြီး အသင့်ထုတ်ထားသော နက်ပြာရောင်ဆိုသော်ငြား အနက်ဘက်သို့ပိုရောက်သော ဘောင်းဘီရှည်ကို ဝတ်ဆင်လိုက်သည်၊ စွပ်ကျယ်အဖြူ ရောင်ကို အတွင်းတွင်ဝတ်ပြီးနောက် ခဲရောင်အင်္ကျီလက်ရှည်ကို သေသပ်စွာဝတ်ဆင်လိုက်သည်။ ထို့နောက် အင်္ကျီလက်ကို တံတောင်ဆစ်နားထိ သေချာခေါက်တင်ကာ လည်ပင်းမှ ကြယ်သီးနှစ်လုံးလောက်ကိုဖြုတ်ဝတ်တတ်သည်မှာလည်း ဓူဝံ၏ styleတစ်ခုပင်၊ ခေါင်းလျှော်ထားသောဆံပင်ကို ဆီိမလိမ်းတော့ဘဲ နဖူးပြင်တွင် ဝဲကျနေအောင် လက်နှင့်အသာဖွပေးလိုက်သည်၊ ကိုကိုမွေးနေ့လက်ဆောင်ပေးထားသော rolex နာရီ ငွေရောင်လေးကိုဝတ်ဆင်ပြီး ပြင်ဆင်မှုကို လက်စသတ်လိုက်သည်။

(A/N ရေးနေရင်းတောင်ကြွေတယ် ဓူဝံရယ်😂)

" ကိုကို ဂျူ တီမရှိဘူးပေါ့ "

အောက်ထပ်သို့ဆင်းလာရင်း ဧည့်ခန်းတွင် ထိုင်နေသော ကိုကို့ကိုတွေ့၍ မေးလိုက်သည်။

" အင်း ညီလင်း၊ ညမှသွားရမယ်၊ နေဦး ငါ့ညီ ဒီနေ့ ထူးဆန်းနေပါလား "

" ဘာဖြစ်လို့လဲ၊ မလိုက်ဘူးလား ကျွန်တော်နဲ့ "

ကိုယ့်ကိုယ်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မျက်လုံးပြူးပြီးပြောနေသော ညီလင်းကိုကြည့်ရင်း ရယ်ချင်မိသည်။

" လိုက်လွန်းလို့ခက်နေတာ ညီလင်းရေ၊ ဘာလဲ ကောင်မလေးနဲ့ သွားတွေ့မလို့လား "

" အာ မဟုတ်ကဟုတ်က ကိုကိုကတော့၊ ကိုဟိန်းနဲ့ချိန်းထားလို့ပါ "

ကိုဟိန်းဆိုသော နာမည်ကြားလိုက်ရသည်နှင့် ကော်ဖီခွက်ကိုလှမ်းယူနေသောလက်က ရုတ်တရက် တုံ့သွားသည်။

" သူကဘာလို့ချိန်းထားတာလဲ "

" ဒီနေ့သူ့မွေးနေ့တဲ့၊ အဲ့ဒါမုန့်ကျွေးချင်တယ်ဆိုလို့ "

ထင်မှတ်မထားသော ||Completed||Opowieści tętniące życiem. Odkryj je teraz