အပိုင်း ( ၁၆ )

11K 962 53
                                    

" ဟာကွာ သော်ယံမင်း!!! "

ညကအိပ်ရာဝင်နောက်ကျ၍ စိမ်ပြေနပြေအိပ်နေရာမှာ နားထဲအတောင့်လိုက်ဝင်လာသော အသံဆိုးကြောင့် အိပ်နေရာမှ ချက်ချင်းထထိုင်ရသည့်အဖြစ်၊

မထလို့လဲမရတော့၊ စောစောစီးစီး အောက်ထပ်တွင် အော်ကြီးဟစ်ကျယ်သီချင်းဆိုနေသော သော်ယံမင်းကို သွားတားရချေဦးမည်၊ မဟုတ်လျှင် ဘေးအိမ်တွေကပါ မေတ္တာစေတနာအပြည့်ဖြင့် ကျောက်ခဲတို့နှင့်ပေါက်ပါက ကျော်မကောင်းကြားမကောင်းဖြစ်နေဦးမည်။

အိမ်ကိုရောက်သည်မှာ နှစ်ရက်ကျော် သုံးရက်မျှသာ ရှိသေးသော်လည်း အိမ်ရှင်သဖွယ်ပြုမူနေသော သော်ယံမင်းကို နည်းနည်းလေးမှကြည့်မရပေ။

ယခုလည်းကိုယ်တိုင်ပင် အောက်ထပ်သို့ဆင်းရပြန်ပြီ။

" သော်ယံမင်း!!! "

ကိုယ့်လေသံက သူ့သီချင်းသံကိုပင် မတိုးနိုင်၊

" ဟိတ်ကောင်၊ ငါခေါ်နေတယ် "

အနားသွားပြီး ဇက်ပိုးတစ်ချက်လောက်အုပ်လိုက်မှ အနောက်သို့လှည့်ကြည့်ဖော်ရသည်၊ ဒါတောင် ပါးစပ်က သီချင်းအဆက်အပြတ်ဆိုနေသေးသည်။

" ဟာ ကိုလင်း၊ ဘာလို့ရိုက်တာလဲဗျာ "

" စောစောစီးစီးမင်းအသံဆိုးကြီးနဲ့ ငါ အိပ်မရဘူးကွ "

" ဘာတွေဖြစ်နေကြတာလဲ ဝါး "

ဒီကတော့အိပ်ကောင်းခြင်းမအိပ်ရလို့ စိတ်တိုရသည့်အထဲ တဝါးဝါးသမ်းကာ အောက်ထပ်သို့ဆင်းလာသည်က ကိုကို

သော်ယံ့ကိုကြည့်တော့လည်း ဆင်းလာသည့် ကိုကို့ကို မျက်စောင်းထိုးကာ လက်ပိုက်ရင်းခြေချိတ်ထိုင်နေလေသည်၊

ဟင် အဲ့နှစ်ယောက်က ဘာတွေလား

" သော်ယံလေ စောစောစီးစီး နားမချမ်းသာအောင်လုပ်နေလို့ "

ကိုယ်ကပြောနေ၊ တရားခံက ဂရုတောင်မစိုက် ခေါင်းကိုသာတစ်ဖက်လွှဲနေလျက် တရားသူကြီးဖြစ်သူကတော့ တဝါးဝါးသာအဆက်အပြတ်သမ်းနေသည်။

ငါတော့ အဲ့နှစ်ယောက်နဲ့ ရှင်ချင်တယ်

" သော်ယံရေ အရွဲ့မတိုက်နဲ့တော့၊ နေ့ခင်းဆေးရုံသွားရင် လိုက်ခဲ့ "

ထင်မှတ်မထားသော ||Completed||Where stories live. Discover now