Ep-4

13K 875 38
                                    

#Unicode
ထည်ဝါ ဆိုဖာပေါ် ပစ်လှဲခြင်းခံလိုက်ရသည်။
မိမိအပေါ်အုပ်မိုးလာသော ဦးနေရောင်လင်းရဲ့ ခန္ဓာကိုယ်ကို အတင်းဖယ်သော်လည်း မရ...

အ...

နေရောင်လင်းရဲ့ အော်သံ...

"ထည်ဝါ့ကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲ။
မှတ်ပြီလား ဦးနေရောင်လင်း"

ထည်ဝါ နေရောင်လင်းရဲ့ အဓိကနေရာအား ဒူးနဲ့ တိုက်ပစ်လိုက်ခြင်းပင်...
ထည်ဝါ ဒီနည်းသုံးတာ မှန်သွားသည်။
နေရောင်လင်းခမျာ အ ခနဲအော်သံနှင့်အတူ
လက်နှစ်ဖက်က အဓိက နေရာကို အုပ်၍
ခုန်ဆွခုန်ဆွ လုပ်နေသည်။

"နောက်ခါ ဒီလို အတင်းအကြပ်ကိစ္စမျိုးတွေ လာလုပ်မယ်ဆို ကျွန်တော့ဒူးက နေရာမရွေးဘူးဆိုတာ သိထားပါ ဦးနေရောင်လင်း"
ထည်ဝါ နေရောင်လင်းအား ဒူးလေးမြှောက်ပြကာ
မိမိအခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
အခန်းထဲရောက်တာနဲ့ တံခါးကို lockချပစ်လိုက်သည်။

ဟား...ဟား...ငါကွ။

"လုပ်ထားဦးပေါ့ကွာ။မင်းအလှည့်ကျမှ တော်ပါပြီလို့ ပြောယူရလောက်အောင် ငါလုပ်ပြမယ်"
နေရောင်လင်းတစ်ယောက် သူ၏အဓိကနေရာအား လက်နှစ်ဖက်အုပ်ကာ ထည်ဝါ့အား ကျိန်ဆဲနေတော့သည်။

..............................

"အို...တစ်အိမ်လုံးလဲ ရှုပ်ပွနေတာပါလား။
ဘာတွေများ ဒီလောက်တောင် ရှာဖွေသွားပါလိမ့်။
သူခိုးစုတ် သူခိုးနာ"
ရှင်သန့်အိမ်ရောက်ရောက်ချင်း တစ်အိမ်လုံးရှုပ်ပွနေသောကြောင့် သူခိုးအား ကျိန်ဆဲလိုက်သည်။

"ဒါနဲ့နေပါဦး ဒီအိမ်တံခါးရဲ့ လျှို့ဝှက်နံပါတ်ကိုသိတာက ငါရယ်၊ ကြီးမြရယ်၊
ကိုကိုရယ်ပဲသိတာပါ။
ကြီးမြကလည်း ဒီလိုလုပ်မဲ့သူမဟုတ်ဘူး။
ဒါဆို ကိုကိုလား?"
ရှင်းသန့် တစ်ယောက်တည်း သံသယများနဲ့ ပြည့်နှက်နေခဲ့သည်။

"သား ရှင်းသန့် ပြန်ရောက်ပြီကိုး။
ကြီးမြရဲ့ ပေါ့လျော့မှုကြောင့်ပါ။ ကြီးမြ ဈေးသွားဝယ်နေတုန်း ဒီလိုတွေဖြစ်သွားတာဆိုတော့ကာ..."

"မဟုတ်တာ ကြီးမြရယ်။
ပစ္စည်းဘယ်လောက်ပါပါ လူမထိခိုက်ရင် ပြီးတာပါပဲ"

The 3 Guys(Completed)Where stories live. Discover now