[5]

20.2K 458 24
                                    

......

Yeol..အိပ်​ယာမှနိုးလာ​တော့ ​အောက်​ပိုင်းကနာကြင်​မှု့​ကြောင့်​​တော်​တော်​နှင့်​မထိနိုင်
ညီးလဲမညီးရဲ​ပေ အိပ်​​နေ​သော Hyung နိုးသွားမှာဆိုးသဖြင့်​ အနည်းအငယ်​​နေသားကျသွား​တော်​မှ အိပ်​ယာထဲမှ ​ဖြေး​ဖြေးချင်းထကာ ​ရေချိုးခန်းထဲသို့ဝင်​လိုက်​ကာ ​ရေချိုးသန့်​စင်​လိုက်​သည်​....

ရေချိုးကာလန်းဆန်းသွား​တော့မှ သက်​​တောင့်​သက်​တာဖြစ်​မည့်​ T ရှပ်​လက်​ရှည်​ပွပွတစ်​ထည်​နှင့်​ ဒူး​လောက်သာသာရှိသည့်​​ဘောင်းဘီတစ်​ထည်​ယူဝတ်​ကာ ​အောက်​ထပ်​သို့ဆင်းကာထမင်းစားခန်းထဲတွင်​မနက်​စာပြင်​လိုက်​သည်​...

ရေခဲ​သေတ္တာ ထဲရှိအသီးအရွတ်​တချို့နှင့်​ အမဲသားပြား ကြက်​ဥတို့ကိုစားပွဲ​ပေါ်သို့တင်​ကာ အစဉ်​လိုက်​ လှီးဖျက်​လိုက်​သည်​...

ပဲပြားနှင့်​အသီးအရွက်​တချို့ကို ပဲငါးပိဟင်းရည်​ချက်​ရန်​အိုးတည်​လိုက်​သည်​...
အမဲသားပြားများကိုအ​နေ​တော်​​လေးများတုံးကာကြာဇံဖြင့်​အရွက်​နည်းနည်း​ရောကာ​ကြော်​လိုက်​သည်​...
ကြက်​ဥ ၂လုံးကို​ဖောက်​ထည့်​ကာ အနှစ်​မပျက်​​လေး​ကြော်​လိုက်​၏...

ဆန်​​ဆေး၍​ပေါင်းအိုးထဲထည့်​ကာချက်​ထားသည့်​ထမင်း​လေးမှာလဲကျက်​​နေပြီ..

ဟင်းပွဲများကို စားပွဲ​ပေါ်တွင်​ပြင်​ဆင်​ကာချလိုက်​ပြီး ​ပေပွ​နေသည့်​ပန်​ကန်​များကို​ဆေးကာလက်​စသက်​လိုက်​၏...

စားပွဲ​ပေါ်ကဟင်းပွဲများကိုအုပ်​​ဆောင်းဖြင့်​အုပ်​ကာ ဧည့်​ခန်းထဲသို့ထွက်​ခဲ့လိုက်​သည်​...
ဧည့်​ခန်း၌လဲမရှင်းဖြစ်​တာတစ်​ပတ်​​ကျော်​​လောက်​ကြာ​နေပြီထင်​ပါ့ Arrjuma သူ့​မွေးရပ်​​မြေပြန်​သွားကတည်းကဆို ၂ ပတ်​​လောက်​ရှိပြီ​ပေါ့ Yeol အင်္ကျီလက်​နှစ်​ဖက်​ကို​ခေါက်​တင်​ကာ
ထမင်းစားခန်း​ထောင့်​ရှိ ဖုန်​စုပ်​စက်​ယူကာ သန့်​ရှင်း​ရေးကိုစတင်​လိုက်​​တော့သည်​...

Yeol တစ်​အိမ်​လုံးနီးပါးသန့်​ရှင်း​ရေးလုပ်​လို့ပြီးခါနီးချိန်​မှာ​တော့ ​နေ့လည်​စာစားချိန်​ပင်​​ရောက်​​နေပြီ ဗိုက်​ထဲမှလဲတစ်​ကျုံကျုံမြည်​ဟီး​နေပြီ...Yeol သန့်​ရှင်း​ရေးအားလက်​စသက်​လိုက်​ကာ...အိမ်​​ပေါ်ထပ်​အိပ်​ခန်းဆီသို့တက်​ခဲ့လိုက်​သည်​...
အိမ်​ခန်းထဲကကုတင်​​ပေါ်တွင်​​တော့ Baek တစ်​​ယောက်​အိပ်​လို့​ကောင်းဆဲ...

SEX MAN (Complete)Where stories live. Discover now