အခန်း(၅) ကျိုးယွင်​ရှန့်​ဘဝ

Start from the beginning
                                    

"​သွေးရူး​သွေးတန်း​တွေ​ပြောမ​နေနဲ့။ဘယ်​သူလုပ်​တာလို့ထင်​လဲ?''

ဒီကိစ္စ​နောက်​ကွယ်​ကဘယ်​သူမှန်းသူသိပြီးသားဖြစ်​​ပေမယ့်​ သူ့တူသူ​ပြောပြဖို့ရည်​ရွယ်​ချက်​မရှိ။ ကိုယ့်​ရန်​သူကိုယ်​ဘယ်​သူမှန်း​တောင်​​သေချာမခွဲနိုင်​ရင်​ မကြာခင်​မှာပီ​ကေလို့ဝါးပြီး​ထွေးထုတ်​ပစ်​ဖို့သာ​ကောင်းသည်​။ သူလမ်းပြ​ပေးမယ်​။လိုအပ်​ရင်​ကူညီမယ်​။ ဒါ​ပေမယ့်​ရန်​သူကိုထိပ်​တိုင်​ရင်​ဆိုင်​ကူမှာမဟုတ်​ဘူး။ တကယ်​လို့ကျိုးဝန်​ကျင့်​သာ သူ့အ​မေကို ရန်​ရှီ က ကိုယ့်​ကိုယ်​ကိုသတ်​​သေခိုင်းတာပါလို့မ​ပြောရင်​ သူကျိုးယွင်​ရှန့်​ကိုသတ်​ဖို့​တွေးမိမှာမဟုတ်​ဘူး။

အမုန်းတရားကကူးစက်​တတ်​တယ်​။ သူ့တူကရန်​ရှီကိုအရိုးထဲထိမုန်းတာနဲ့ပဲသူကလည်းဘာမှမစဉ်းနိုင်​ပဲလက်​တုန့်​ပြန်​ဖို့ကူညီ​ပေးခဲ့တယ်​။ တကယ်​လို့သူသာကျိုးယွင်​ရှန့်​​ကြောင့်​မဟုတ်​ရင်​ မှားယွင်းစွာလက်​စား​ချေမိတဲ့ဗီလိန်​တစ်​​ယောက်​ဖြစ်​​နေ​လောက်​ပြီ။ထိုအချိန်​ကစပြီး သူ့တူအ​ပေါ်သူယုံကြည်​မှုကလုံးဝ​လျော့နည်းခဲ့ခြင်းဖြစ်​သည်​။

"သူမှမဟုတ်​ရင်​ ဘယ်​သူ့ရှိ​သေးလဲ? ကျွန်​​တော့်​ကိုသတ်​လို့အကျိုးထူးမှာဘယ်​သူရှိလို့လဲ?'' ကျိုးဝန်​ကျင့်​၏ပိန်​ပါး​သောမျက်​နှာက အမုန်းတရားများနှင့်​ပြည့်​နှက်​​နေသည်​။ သူ့ဦး​လေးကျိုးယွင်​ရှန့်​အ​ပေါ်အမြင်​​တွေ​ပြောင်း​နေတာသူအ​စောကြီးကတည်းသတိထားမိ​နေပြီးပြီ။ တစ်​ခါသူ သူ့ဦး​လေးကုတင်​ကပ်​ဗီရိုနားဖြတ်​သွားတုန်းက ကျိုးယွင်​ရှန့်​၏ဓာတ်​ပုံအ​တော်​အများ​တွေ့ခဲ့သည်​။ ရှု​ထောင့်​မျိုးစုံမှအလှဆုံးဓာတ်​ပုံများဖြစ်​​နေ​သော​ကြောင့်​ သူ့မျက်​ခုံးများမြင့်​တက်​သွားခဲ့သည်​။ ကျိုးယွင်​ရှန့်​ ကသူ့​လောက်​မ​ချော​ပေမယ့်​ သူ့ရဲ့မိန်းက​လေးဆန်​တဲ့မျက်​နှာ​လေးကတစ်​မျိုးဆွဲ​ဆောင်​မှုရှိတယ်​။ အထူးသဖြင့်​ မက်​မွန်​ပွင့်​လွှာလိုမျက်​ဝန်း​တွေ။ ​သေချာကြည့်​​လေရင်​ခုန်​သံတို့ထိန်းချူပ်​မရ​လေဖြစ်​​စေနိုင်​​သောမျက်​လုံးမျိုးပင်​။ ပုံတိုင်း၏ထိပ်​တွင်​လည်းအ​ပေါက်​ရာတစ်​ချို့ရှိ​နေပြီး ဒါဟာဒီပုံ​တွေကိုစုထားတဲ့သူက ခဏခဏဖြုတ်​လိုက်​တပ်​လိုက်​လုပ်​​နေတာသိသာလွန်းတယ်​။ တကယ်​လို့သူ့ကိုယ်​သူသာမချူပ်​တီးပါလျှင်​ ကျိုးဝန်​ကျင့်​ထင်​သည်​ သူ့ဦး​လေးတစ်​​ယောက်​ကျိုးယွင်​ရှန့်​ပုံ​တွေကိုတစ်​ခန်းလုံးအပြည့်​ကပ်​ထားလိမ့်​မည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now