အခန်း(၅) ကျိုးယွင်​ရှန့်​ဘဝ

Start from the beginning
                                    

ဒီလူငယ်​​လေးက အခုဒုတိယနှစ်​​ကောလိပ်​​ကျောင်းသား ကျိုးဝန်​ကျင့်​ဖြစ်​သည်​။လွန်​ခဲ့​သောလအ​တော်​ကြာတုန်းကသူမိန်းမလှ​လေးတစ်​ဦးနဲ့ပတ်​သက်​မိသည်​။မထင်​မိတာကသူမကမ​ကောင်းတဲ့အကြံအစည်​နဲ့ချည်းကပ်​လာတာပဲ။ သူမက ကျိုးဝန်​ကျင့်​ ကို ​ဆေးပြင်း​ရောထားတဲ့စီးကရက်​​ပေး​သောက်​သည်​။ထို​ဆေးမျိုးကတစ်​ခါရှိုက်​မိသည်​နှင့်​လုံးဝစွဲလမ်းသွားနိုင်​​သော​ဆေးဖြစ်​​နေတယ်​။ ကျိုးဝန်​ကျင့်​ကသံသယများပြီးအရာရာကိုသတိထားတတ်​သည့်​ပုံ​ပေါက်​​သော်​လည်း သူ့မှာအားနည်းချက်​ကြီးကြီးမားမားရှိ​နေ​သေးသည်​။ အဲ့တာက​တော့ အလှအပကိုမက်​​မောတာပဲ။မိန်းမလှ​လေးမြင်​တာနဲ့လုံးဝ​ကြွေဆင်းသွား​တော့တယ်​။

ပထမဦးဆုံး အကြိမ်​​ဆေးစွဲ​နေပြီးမှန်းသိစဉ်​ကသူ​နောက်​ကျသွားပြီ။ ဂျပန်​မှာရှိ​နေသည့်​သူ့ဦး​လေးဆီသွားပြီအကူအညီ​တောင်းရ​တော့သည်​။
တုရွှီလန်​ မျက်​နှာ​ပေါ်တွင်​ခံစားချက်​မရှိလက်​ထဲကလက်​ကိုင်​ပဝါကိုအမှိုက်​ပုံးထဲပစ်​ထည့်​လိုက်​သည်​။သူ့ရင်​ထဲမှာ​တော့​ဒေါသ မီးများ​လောင်​မြိုက်​​နေ၏။ သူ​ဒေါသထွက်​သည်​ကသူ့တူ၏ စကား​ကြောင့်​မဟုတ်​၊ စိတ်​ပျက်​မိ​သော​ကြောင့်​ဖြစ်​သည်​။ သူစိမ်း​တွေဆီကဘာကိုမှလက်​မခံဖို့သူအကြိမ်​ကြိမ်​​ပေးခဲ့သည့်​အပြင်​ သက်​​တော်​​စောင့်​အချို့ပင်​ကျိုးဝန်​ကျင့်​နားပို့ထား​သေးသည်​။ ဒါ​ပေမယ့်​ သက်​​တော်​​စောင့်​ဆိုတာ အချိန်​ပြည့်​က​လေးထိန်းလည်းမဟုတ်​၊ သူတို့မှာအလုပ်​ရှင်​ရဲ့ကိုယ်​​ရေးကိုယ်​တာကိုဝင်​စွတ်​ဖက်​ခွင့်​မရှိ။ကျိုးဝန်​ကျင့်​မိန်းမတစ်​​ယောက်​၏အရူးလုပ်​ခံ​နေရသည်​ကိုညိမ်​ကြည့်​ရုံသာတတ်​နိုင်​ခဲ့သည်​။

ဒါကိုယ့်​လက်​နဲ့ကိုယ့်​ကိုယ်​ကိုပြန်​သတ်​တာပဲ။
တုရွှီလန်​ကိုယ့်​​ဒေါသကိုယ်​ပြန်​ထိန်းထားပြီး လက်​​ဆေးလိုက်​သည်​။ ထို့​နောက်​ဖုန်းဆက်​ပြီးသူ့တူကို​ရေးချိုး​ပေးဖို့လှမ်း​ပြောလိုက်​သည်​။ သူဆိုဖာ​ပေါ်မှာထိုင်​လိုက်​ပြီး ​အေး​အေး​ဆေး​ဆေး​မေးလိုက်​သည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now