ChanYeol...
ထိုကောင်လေးကို ကျွန်တော် အမြဲလို သတိရနေခဲ့သည်မှာ ငြင်းဆိုမရသည့်အချက်ပေမို့။

🌟MY SPECIAL MAN🌟

Chapter Five Ends ~

'Joker & Harley' ကို မနက်ဖြန်မှပဲ တင်ဖြစ်ပါမယ်။
ကတိမတည်နိုင်လို့ တောင်းပန်ပါတယ်...။

နောက်ပြီး ဒီ fic လေးကိုလည်း ခဏရပ်ထားရင်ကောင်းမလားလို့။
ဒီနေရာမှာခဏလေးရပ်ထားလို့ ဖြစ်မလား??

J&H ကိုပဲ ပြီးတဲ့အထိ နှစ်ရက်တစ်ခါလောက် update လုပ်နိုင်အောင်လို့ပါ။

ဖတ်ပေးတဲ့ reader အားလုံးကို ကျေးဇူးတင်ပါတယ်။

#ChanBaekLove
#EternalChanBaek


Unicode

(၈ နှစ်ခန့်ကြာသော်)

Byun BaekHyun's pov :

မေလ၊ ခြောက်ရက်နေ့။
ကျွန်တော် လောကကြီးကို စတင်ရောက်ရှိသည့်နေ့ဖြစ်သည်။

သူငယ်ချင်းများနှင့်ချိန်းဆိုထားသော ဆိုင်လေးထဲမဝင်ခင် ခဏရပ်ကာ ပြုံးမိပါသေး၏။

မိဘများဆုံးပါးသွားပြီးကတည်းက မွေးနေ့ဆိုပြီး အရေးတယူလုပ်မဖြစ်ခဲ့တာ တော်တော်ကြာပြီ။
ဆယ့်နှစ်နှစ်အတွင်း တစ်ခါမှ သူငယ်ချင်းများကို ကျွန်တော့်မွေးနေ့မှာ ကျွေးမွေးဧည့်မခံဖူးခဲ့ပါ။

ကျွန်တော့်အခြေအနေကို ကောင်းကောင်းသိသော သူငယ်ချင်းများကလည်း နားလည်ပေးကြသည်။

အခု ကျွန်တော် စာရေးဆရာဖြစ်နေပြီ..။
ကျွန်တော်ရေးသည့် စာအုပ်တစ်အုပ်သည် ရောင်းအားအကုန်ဆုံး စာအုပ်များထဲ ပါဝင်ခဲ့ပြီး နာမည်ရစာရေးဆရာတစ်ယောက် ဖြစ်ခဲ့ပြီ။

ဒီနေ့မွေးနေ့မှာတော့ ကျွန်တော် သူငယ်ချင်းများကို ကျွေးမွေးဧည့်ခံနိုင်ပြီဖြစ်သည်။
ဘာရယ်မဟုတ် ဝမ်းသာကြည်နူးသည့် ခံစားချက်ကလေး ဖြစ်မိပါသေး၏။

ဆိုင်ထဲ ဝင်လိုက်ပြီး ဆိုင်အတွင်းဘက်သို့ ဝေ့ဝဲကြည့်လိုက်သောအခါ ဆိုင်၏ အလယ်ဗဟိုလေက် နေရာတွင် JongDae နှင့် KyungSoo တို့သည် ဆိုင်အဝင်ကို ကျောပေးလျက် ထိုင်နေသည်။
ကျန်လူများကတော့ ရောက်လာကြသေးပုံမပေါ်...။

🌟MY SPECIAL MAN{나의 특별한 남자}🌟 حيث تعيش القصص. اكتشف الآن