ဒါမှမဟုတ်ရင် HyeJung ကို ကျွန်တော် သဘောကျနေတာသိသွားလို့ ကျွန်တော့်ကို တစ်ခုခုလုပ်မလို့များလား။

သေချာတာက ဒီလူဟာ ပုံမှန်မဟုတ်ပါ..။

"ခင်ဗျားကတော့ ဘာမှပြောင်းလဲမသွားဘူး.. နှစ်တွေဒီလောက်ကြာတာတောင်မှ"

တွေးမိတွေးရာ လျှောက်တွေးနေစဉ် သူ့အပြောကြောင့် ကျွန်တော် ခဏမျှ တွေဝေသွားရသည်။

"မတွေ့ရတာကြာပြီ BaekHyun!"

ဒီလိုလေသံ၊
ဒီလို စကားအပြောအဆို..
နောက်ပြီး မျက်လုံးဝိုင်းဝိုင်းတွေ...
ပြီးတော့ နားရွက်ကားကားနှစ်ဖက်။

"လွန်ခဲ့တဲ့ ရှစ်နှစ်က ဒီအိမ်ကို ရောက်လာခဲ့တဲ့ ကောင်လေးကို ခင်ဗျား မမေ့သွားပါဘူးနော်"

မဖြစ်နိုင်...
လုံးဝ မဖြစ်နိုင်ပါ။

ChanYeol... ထိုကောင်လေးက ကျွန်တော့်ရှေ့က လူတဲ့လား။
ဒါ လုံးဝမဖြစ်နိုင်တဲ့ကိစ္စ။

ဘယ်လောက်ပဲ ပျူ ဘာတီ ဟစ်တ်ပါစေ။
ဒါကတော့ လုံးဝမဖြစ်နိုင်။

"သူများအိမ်ထဲ အတင်းဝင်လာပြီး ဘာစကားတွေ လာပြောနေတာလဲ.. သွား! ရဲတိုင်လိုက်မှာနော်"

သူ့ကို ရှိသမျှအားနှင့်တွန်းပါသော်လည်း တုတ်တုတ်မျှမလှုပ်။
ဘာလို့ဒီလောက်အားကောင်းတာလဲ။

"ခင်ဗျားကို စောင့်ရှောက်ပေးမယ့်သူ ပြန်ရောက်လာပြီလေ.. အခုချိန်ကစပြီး ကျွန်တော် ခင်ဗျားကို စောင့်ရှောက်ပေးမယ်"

အနီးကပ်မြင်နေရသော သူ့မျက်နှာချောချောကို ကျွန်တော် ငေးကြည့်နေမိသည်။

မယုံကြည်နိုင်စရာ...
HyeJung ၏ ချစ်သူကိုလူချောက ChanYeol ဖြစ်နေသည်တဲ့လား။
ဝဝတုတ်တုတ်နှင့် ပေတေတေကောင်လေးက ဒီလိုမျိုး ပြောင်းလဲလာသည်တဲ့လား။

မယုံကြည်နိုင်စွာ ကြည့်နေသော ကျွန်တော့်ကို သူက မပြောမဆိုနှင့် ဆွဲဖက်လိုက်သည်။
ခံစားချက်က စိမ်းသက်မနေ.. အရင်ကလည်း ဒီကိုယ်ငွေ့ကို ခံစားဖူးသောကြောင့် ဖြစ်မည်။
နည်းနည်းလေး နေရခက်ပေမယ့် ကျွန်တော် ရုန်းမထွက်မိ။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now