ဇာတ်ကားပြီးသွားသည်အထိ လူဝံကြီးကို သနားလို့ အငိုမပြတ်သေး...။
စိတ်ရှိလက်ရှိ ငိုနေစဉ် လူခေါ်ဘဲလ်သံ မြည်လာသည်မို့ မျက်ရည်လေးအသာသုတ်ကာ ထလာရသည်။
အချိန်က ညရှစ်နာရီ။
ဒီအချိန်ကြီး ဘယ်သူက ကျွန်တော့်ဆီ လာတာလဲ...
တစ်ခါမှ ဒီအချိန် ဧည့်သည်မလာတတ်။
တံခါးဖွင့်လိုက်တော့ တွေ့လိုက်ရသည့်သူကြောင့် အံ့အားသင့်သွားရသည်။
HyeJung ၏ ချစ်သူ ကိုလူချောသည် ကျွန်တော့်အိမ်ရှေ့ရောက်နေ၏။
ဒီလူက ကျွန်တော့်ဆီ ဘာလာလုပ်တာလဲ။
"ဘယ်သူလဲ?? ဘာကိစ္စရှိလို့လဲ???"
သိချင်စိတ်နှင့် မတင်မကျဖြစ်နေမှုကြောင့် မျက်မှောင်ကြုတ်ထားမိသည်။
တကယ်ကို စဉ်းစားမရ...
သူက ဘာကြောင့် ကျွန်တော့်အိမ်ရှေ့ရောက်နေတာလဲ။
"ဖယ်ဗျာ.. ဒီမှာ အထုပ်အပိုးတွေနဲ့! အထဲဝင်မယ်"
ကျွန်တော့်ကို တွန်းဖယ်ကာ သူ့သဘောနှင့်သူ အိမ်ထဲ ဝင်ရောက်သွားသည်မို့ ကျွန်တော် မယုံကြည်နိုင်ဖြစ်ကာ မှင်သက်စွာပင် ရပ်ကြည့်နေမိသည်။
ဘာလဲ...
ဘာတွေလဲ....
အထုပ်အပိုးများကို ဧည့်ခန်းထဲချကာ တံခါးဝနား၌ ကြောင်တောင်တောင်နှင့် ရပ်နေသည့် ကျွန်တော့်ဆီ သူ လျှောက်လာ၏။
မျက်နှာတည်ကြီးနှင့် အနားသို့ တဖြည်းဖြည်းတိုးကပ်လာသော သူ့ကြောင့် တဖြည်းဖြည်းအနောက်ဆုတ်မိသည်။
ကျွန်တော်အနောက်ဆုတ်လေ၊ သူက ရှေ့တိုးလေ ဖြစ်ကာ နောက်ဆုံး ကျွန်တော့်ကျောနှင့် တံခါးကပ်မိသွားချိန် သူသည် တံခါးပေါ် လက်ထောက်ကာ သူ့မျက်နှာက ကျွန်တော့်မျက်နှာနားကပ်လာ၏။
ဒါ.. ဒါ ဘယ်လိုအခြေအနေကြီးလဲ????
"ကျွန်တော့်ကို မမှတ်မိတော့ဘူးလား BaekHyun?"
ဘုရားရေ..
သူ ကျွန်တော့်နာမည် ဘယ်လိုသိနေတာလဲ??
မဟုတ်မှလွဲ~
ဇာတ်ကားတွေထဲကလို သူက စိတ်ရောဂါဝေဒနာသည်များလား။
ကျွန်တော့်အိမ်ကို ဘာလို့ ရောက်လာပြီး ဘာလို့ကျွန်တော့်နာမည်ပါသိနေတာလဲ။
သူက stalker လား။
ANDA SEDANG MEMBACA
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fiksyen Peminat➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 5 장✨
Mula dari awal
