"မွေးနေ့မှာ ပျော်ရွှင်ပါစေ BaekHyun Oppa!!"
ချိုမြိန်တောက်ပလွန်းသော အပြုံးတစ်ခုဖြင့် သူမက ကျွန်တော့်အနား လာရပ်ကာ ပြောသည်။
ပြီးနောက် စားပွဲပေါ် ရောက်လာခဲ့သော သူမဆီက လက်ဆောင်ဘူးလေး...
ကျွန်တော် သူမကို မြတ်နိုးစွာ ကြည့်နေမိသည်။
"ကျေးဇူးအများကြီးတင်ပါတယ် HyeJung ah.."
"နင် ဘာလို့ မတ်တပ်ရပ်နေတာလဲ?? ထိုင်လေ!"
ထိုင်ခုံတွင် ဝင်ထိုင်ခြင်းမရှိပါပဲ မတ်တပ်ရပ်ကာ စကားပြောနေသော သူ့ညီမကို KyungSoo က မေးသည်။
ကျွန်တော်လည်း မေးချင်နေသည့် စကားမို့ သူမ၏ အဖြေစကားကို စောင့်နေလိုက်၏။
"ဟင့်အင်း မထိုင်တော့ဘူး။ BaekHyun Oppa! ညီမ ချိန်းထားတာလေး ရှိလို့လေ.. ခွင့်ပြုပါဦးနော်"
ကျွန်တော် ဘာမှပြန်မပြောရသေးခင် သူမ ကျွန်တော်တို့ စားပွဲဝိုင်းကနေ ထွက်သွားသည်။
သူမ၏ ဦးတည်ရာက ကျွန်တော်တို့ဝိုင်းနှင့် မျက်နှာချင်းဆိုင်က ထိုလူရှိရာဆီ...
နားနှင့်ဆတ်ဆတ် ကြားလိုက်ရသော 'မောင်' ဟူသည့် ခေါ်သံကြောင့် ကျွန်တော် အမြင့်တစ်နေရာကနေ တွန်းချခံလိုက်ရသလိုပင်။
ခုနက ကိုယ့်ဖာသာကိုယ် ထင်ချင်ရာထင်ကာ ပျော်ရွှင်နေခဲ့တာက အရူးလိုပဲ... စိတ်ပျက်စရာ။
"ဟျောင့်တွေ! ငါ သန့်စင်ခန်းခဏသွားလိုက်ဦးမယ်"
သူငယ်ချင်းတွေရှေ့ မျက်စိမျက်နှာပျက်နေတာမျိုး မဖြစ်စေချင်သည်မို့ သန့်စင်ခန်းရှိရာဆီသာ ခေတ္တရှောင်ထွက်လာခဲ့သည်။
သန့်စင်ခန်းအတွင်း လူတစ်ဦးတစ်ယောက်မှ ရှိမနေသည်က ကျွန်တော့်ကို ကူညီပေးနေသလိုပင်။
ဘေစင်နားက နံရံကို ကျွန်တော်မှီကာ အသက်ပြင်းပြင်းရှူ ရင်း ပြည့်လျှံတက်လာသော မျက်ရည်စတို့ကို မျက်တောင်များပုတ်ခတ်ပုတ်ခတ် လုပ်ကာဖြင့် ထိန်းချူပ်နေရသည်။
ဆို့နင့်သော ခံစားမှုတို့ဖြင့် နှလုံးသားက ဆုပ်ကိုင်ညှစ်ခံထားရသလို နာကျင်နေ၏။
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 5 장✨
Start from the beginning
