ဟုတ်လည်းဟုတ်ပါရဲ့..
ချိန်းထားသည့် အချိန်ထက် မိနစ်နှစ်ဆယ်လောက် ကျော်နေပြီကို ခုချိန်ထိ ရောက်မလာကြသေး။

သူတို့ဘယ်အချိန် ဝင်လာမလဲဟု ဆိုင်အဝင်ဝကို လှမ်းလှမ်းကြည့်နေရသည်။
သို့ပေမယ့် သိပ်မကြာလိုက်..

"နောက်ဆုံးတော့ ရောက်လာပြီ"

ကျွန်တော်တို့ squad ထဲက ကျန်လူများဖြစ်သော Oh SeHun၊ Kim JongIn နှင့် ZiTao တို့ သုံးယောက်သား အတူတူရောက်ချလာသည်။

ပြီးတော့..
သူတို့နောက်က လိုက်ဝင်လာသူကို ကျွန်တော် ကြည့်လိုက်မိတော့....
အံ့သြမှုကြောင့် ကျွန်တော့်မျက်လုံးများ ပုံမှန်ထက် ပြူးကျယ်လာခဲ့ပြီး ဝမ်းသာမှုကြောင့် ရင်တွေပင် တလှပ်လှပ်နှင့် တုန်လာရသည်။

ကျွန်တော် တစ်ဖက်သတ် ချစ်နေရပါသော....
KyungSoo ၏ ညီမဖြစ်သူ Do HyeJung။

ကျွန်တော့်မွေးနေ့မို့ သူမ ဒီကို ရောက်လာခဲ့သည်လား။
လုံးဝ မထင်မှတ်ထားခဲ့ပါ။

သူမ သိပ်လှနေပါသည်။
ပန်းနုရောင်ဂါဝန်လေးနှင့် ကျက်သရေရှိကာ လှပနေပါသော ကျွန်တော့်ထက် အသက်ငါးနှစ်ငယ်သည့် ကလေးမလေး...

ဆိုင်ထဲ ဝေ့ဝိုက်ကြည့်နေသော သူမ၏ အကြည့်တို့က ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ဝိုင်းမှာ ထိုင်နေသော သူဆီ ခဏမျှ ရောက်သည်။
နောက်တော့မှ သူမကို ကြည့်နေသော ကျွန်တော့်ကို မြင်ကာ ပြုံးရယ်ပြပြီး လက်ကလေးမြှောက်ကာ ဝှေ့ယမ်းပြ၏...

ချစ်စရာကောင်းလှပါသော ကောင်မလေး~

ကျွန်တော်တို့ရှိရာ စားပွဲဝိုင်းဆီ လျှောက်လာရင်းက ခုန ကျွန်တော် ကြည့်နေမိသော လူအနားရောက်တော့ သူမက ခဏရပ်ကာ ထိုလူ၏ အင်္ကျီစကို အသာကိုင်၍ တစ်ခုခုပြောနေသည်။

တစ်ခုခုတော့ မှားနေသလို...
ကျွန်တော် ထင်သလို ကျွန်တော့်မွေးနေ့မို့ သူမ ဒီဆိုင်ကို ရောက်လာခဲ့တာ ဟုတ်ပါ့မလား။
စိုးရိမ်မှုကြောင့် ကျွန်တော် ပူလောင်လာသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now