Part [ 2 ]

2.5K 308 11
                                    

နောက်ဆုံးလက်ကျန် note ကလေးကို ဗလာစာအုပ်ပေါ် ချရေးပြီးနောက်မှာ သက်ပြင်းကြီး တစ်ခုမှုတ်ထုတ်လိုက်ပြီး လက်နှစ်ဖက်ကို အဆုံးအစွန် ဆန့်ထုတ်ကာ အကြောလျော့လိုက်သည်...

အဆောင်ပြန်ရောက်ကတည်းက ရေးလိုက်ရတာ !!! ..

" ပြီးပြီလား ?? "

" အင်း ! "

ကုတင်ပေါ်မှာ အသည်းအသန် game ဆော့နေရာမှ ကျွန်တော့ဖြေသံ ခပ်စောင့်စောင့်ကြောင့် မျက်လုံးလှန်ကြည့်ပြီး ပါးစပ်ထဲ ငုံထားလက်စ တုတ်ထိုး ချိုချဉ်ကို ထုတ်ပြီး ...

" ဘာမှသိပ်ရေးရတာလဲမဟုတ်ပဲနဲ့
... ကဲပါ ... "

သူ့အတွက် တစ်မနက်လုံးစာ note တွေထိုင်ကူးပေးရတာတောင် ဒင်းက အပြစ်ပြောသေးတယ်.. ကိုယ့်ဘာသာ မရေးပဲနဲ့ ... !!!

" ငါ့အတွက် စာရေးပေးတယ်ဆိုတော့ မင်းကို ကျေးဇူးဆပ်ရမှာပေါ့ .. ဟင်း ဟင်း "

အွန် ??? အထူးအဆန်း !!!
အရင်တုန်းက အများကြီးလုပ်ပေးခဲ့တာ ဒီလို တစ်ခွန်းမှ မပြောဖူးဘူး !!!
ဒီနေ့ Park Chanyeol ရန်ဖြစ်လာတာ ခေါင်းများထိလာသေးသလား ??
မေးချင်ပေမယ့် -_- ...

"ရော့ !!! "

" ခွေးကောင် !!! "

" ဟားး ဟားး ဟားး !!!! "

သူ့စားလက်စ ချိုချဉ်ကို မျက်နှာရှေ့ထိုးပေးလာတော့ စိတ်လိုလက်ရ ဆဲပစ်လိုက်သည်ကို သဘောအကျ ကြီးကျပြီး အားပါးတရ ရယ်နေလေရဲ့ !!!

ကျွန်တော့်ကို စိတ်တိုအောင် လုပ်ရတာ စရတာကို သူတော်တော် သဘောကျတယ်ထင်တယ် .. 
ဒီချိန်ဆဲရင် ဘယ်လောက်ဆဲဆဲ ဒင်းက ရယ်နေတတ်တယ် .. ကျန်တဲ့အချိန်ဆဲကြည့်ပါလား ?
တစ်စစီဖြစ်ရုံမကအစအနတောင် ကောက် လို့ရမှာမဟုတ်ဘူး ...

" Baek Hyun မင်း ရေမချိုးရသေးဘူးမလား ?? ချိုးလိုက် .. ပြီးရင် အပြင်သွားမယ် "

" ဟမ် ? "

နံရံပေါ်က နာရီကြည့်လိုက်တော့ ၈နာရီ ပင်ထိုးနေပြီ.. ဒီအချိန်ဆို အဆောင်မှူး လူလာစစ်တော့မှာ သူကတော့ ကိစ္စမရှိပေမယ့် ..

" ရေချိုးတော့လို့ဆို ... ပြီးရင် မင်းပင်ပန်းခဲ့တာ အတွက် ကျေးဇူးဆပ်မလို့လေ ... "

Infinity 💮Where stories live. Discover now