အခန်း(၂)ကျိုးယွင်​ရှန့်​ဘဝ

Start from the beginning
                                    

Jနိုင်​ငံမှာ မာဖီးယား​တွေကတရားဝင်​တယ်​။ တုအိမ်​​တော်ရဲ့ လက်​နက်​​ရောင်းဝယ်​ခြင်းလုပ်​ငန်းက ကမ္ဘာအနှံ့ကျယ်​ပြန့်​​နေတယ်​။ အဲ့ဒီလို​နောက်​ခံနဲ့လူက သူ့အ​ဖေရဲ့အတွင်း​ရေးမှူးလုပ်​ပြီးသူတို့ကို နာနီလို​စောင့်​​ရှောက်​​ပေး​နေတယ်​။ တုရွှီလန်​ စိတ်​ထဲဘာ​တွေများ​တွေးထားသလဲ ကျိုးယွင်​ရှန့်​ ကမသိ​တော့ဘူး။

သူ့ငယ်​ဘဝ​ကြောင့်​လား? ကြည့်​ရတာ ကျိုးဝန်​ကျင့်​အ​မေကသူ့ဘဝရဲ့တစ်​ခုတည်း​သော​နေ​ရောင်​ဖြစ်​ခဲ့ပုံပဲ။ သူမ​သေသွားခဲ့​ပေမယ့်​​နေ​ရောင်​ခြည်​​လေးက​တော့ထာဝရကျန်​ခဲ့တယ်​။ဒါ​ကြောင့်​ ကျိုးဝန်​ကျင့်​ ကိုသူသနားတာလား? သူကျိုးဝန်​ကျင့်​ကိုကာကွယ်​ချင်​တာ သူ့ရဲ့သန့်​စင်​တဲ့ကိုယ်​ပိုင်​ကမ္ဘာတစ်​ခုကိုကာကွယ်​တာလား?

ဒီထင်​​ကြေး​တွေကဘယ်​​လောက်​ပဲအဓိပ္ပါယ်​မရှိဘူးဆိုဆို အဖြစ်​မှန်​က သူဒီမှာရှိ​နေတာပဲ။ ကျိုးယွင်​ရှန့်​ ဒီအ​ကြောင်း​တွေကိုထပ်​စဉ်းစားဖို့မကြိုးစား​တော့ပဲ နွားနို့ကိုသာဖြည်းဖြည်းချင်း​သောက်​လိုက်​သည်​။

ကျိုးယွင်​ရှန့်​၊ကျိုးဝန်​ကျင့်​နဲ့တုရွှီလန်​တို့သုံးဦးကတိတ်​တိတ်​ဆိတ်​ဆိတ်​နံနက်​စာစား​နေ​ပေမယ့်​ ကျိုးသခင်​ကြီးနဲ့ကျိုးဝန်​အန်​က​တော့ စားရင်း​သောက်​ရင်းရယ်​ရင်းနဲ့နှစ်​​ယောက်​သားပွဲကျ​နေ၏။ သူတို့ကြားကဆက်​ဆံ​ရေးကအရမ်းကို​နွေး​ထွေးလွန်းသည်​။ သူတို့နှစ်​​ယောက်​ကသာသားအဖအရင်းဖြစ်​ပြီးကျန်​လူ​တွေကအပိုလူ​တွေလိုပဲ။ တကယ်​လို့အရင်​ကျိုးယွင်​ရှန့်​သာ ဒါကိုနားလည်​ခဲ့ရင်​ အဲ့လိုဇာတ်​သိမ်းနဲ့အဆုံးသတ်​ခဲ့ရမှာမဟုတ်​ဘူး။

အဲ့ဒီလို​တွေးရင်း ကျိုးယွင်​ရှန့်​ ခပ်​​လှောင်​​လှောင်​ပြုံးလိုက်​သည်​။ ထို့​နောက်​ တုရွှီလန်​ကိုခိုးကြည့်​လိုက်​၏။
သိမ်​​မွေ့ပြီးယဉ်​​ကျေးတဲ့လူငယ်​​လေးက သူ့မျက်​လုံးထဲရုတ်​​တရက်​ နတ်​ဆိုးတစ်​​ကောင်​မြင်​လိုက်​ရသလိုဖြစ်​သွားသည်​မို့ တုရွှီလန်​​ကြောင်​သွားသည်​။ သူ့နှလုံးကလည်းနှစ်​ဆင့်​ခပ်​ပြင်​ပြင်းခုန်​သွားသလိုပင်​။ သူပြန်​​မော့ကြည့်​​တော့ သူ့​ရှေ့ကလူငယ်​က ကိုယ့်​ပန်းကန်​ထဲကအစားအစာကိုသာအာရုံစိုက်​​နေသည်​ကို​တွေ့လိုက်​ရသည်​။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now