'ဟာ မသယ်နဲ့လေးတယ်ကိုယ်ပဲသယ်မယ်'

'မဟုတ်တာပေးပါကျွန်တော်နိုင်ပါတယ်ဆို'

'မသယ်ပါနဲ့ညီရယ်လေးပါတယ်ဆို'

'လေးလည်းဘာဖြစ်လဲကျွန်တော်ယောက်ျားလေးပါမိန်းကလေးမှမဟုတ်တာအဲ့လောက်တော့သယ်နိုင်ပါတယ်'
သူစူအောင့်အောင့်ပုံဖမ်းကာပြောလိုက်တော့သက်ပြင်းဖွဖွကိုချကာလူကိုကြည့်လာလေသည်

'ကိုယ်ကညီယောက်ျားလေးမှန်းလည်းသိတယ်မိန်းကလေးလိုသဘောထားလို့မသယ်ခိုင်းတာလည်းမဟုတ်ဘူးဒီတိုင်းညီ့ကိုမပင်ပန်းစေချင်လို့ပါ'
ခေါင်းလေးငုံ့ကာစိတ်မကောင်းသလိုလေးပြောလာပြန်တော့ဒီကလူကမနေနိုင်

'အင်း ပြီးရော အဲ့ဒါဆိုလည်းကိုယ့်ဘာသာသယ်'
သူပြောလိုက်တော့ခေါင်းမော့ကာပြန်ကြည့်လာပြန်တာမို့

'သူလေးနေမှာစိုးလို့စေတနာနဲ့သယ်ပေးမလို့ကို'
မကြားတကြားပြောမိတော့သူရယ်သည် မျက်ဝန်းစူးစူးတွေနဲ့စိုက်ကြည့်ကာနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီးကြည့်နေတာမို့ညီမနေတတ်စွာနဲ့

'အမြန်လာလေ အထုပ်တွေအများကြီးနဲ့ကိုသူ့ကိုယ်သူအာနိုးများထင်နေလားမသိဘူး'

အရှေ့ကနေပွစိပွစိပြောကာ ကော့တော့ကော့တော့လျှောက်နေတဲ့အဖိုးကြီးပေါက်စလေးနောက်ကိုအထုပ်တွေသယ်ရင်းပြေးလိုက်ရလေတော့သည် မပြေးလို့လည်းမရအဖိုးကြီးပုစိလေးကိုကျွန်တော်ကြောက်ရသည်လေ

'အင်း ပင်ပန်းလိုက်တာ'

'ညီပင်ပန်းနေရင်ခဏနားလိုက်လေ ကိုယ်ညစာပြင်ပြီးမှခေါ်လိုက်မယ်'
အထုပ်တွေကိုထမင်းစားပွဲပေါ်မှာတင်နေတဲ့သူ့ကိုကြည့်လိုက်ပြီး

'ရပါတယ် အရမ်းကြီးမပင်ပန်းပါဘူးညစာကအခုချက်တော့မှာလား ကျွန်တော်ဝိုင်းလုပ်ပေးမယ်လေ'

'အာရပါတယ်ဆိုကိုယ်ချက်မယ် ညီပင်ပန်းနေတယ်မလား သွားနားတော့သွား'
မီးဖိုချောင်ထဲကနေလူကိုအတင်းကာရောနှင်လွှတ်နေတော့တာကြောင့်

'အင်း ဒါဆိုလန်းသွားအောင်ရေအမြန်ချိုးလိုက်မယ် ပြီးရင်လာကူပေးမယ်'

Mistakes!Where stories live. Discover now