{ep:7}

16.8K 1.2K 0
                                    

ဒီနေ့နဲ့ဆိုညီ့ကိုမတွေ့ရတာ၃ရက်မြောက်တဲ့နေ့ အလုပ်လည်းမလာ ဖုန်းဆက်လည်းမကိုင် နောက်ဆုံးအိမ်အထိလိုက်သွားလည်းတံခါးမဖွင့်ပေး သူခြံရှေ့မှာစောင့်နေသော်လည်းဘယ်တော့မှညီထွက်မလာခဲ့ပါ

အဲ့လောက်တောင်ကိုယ့်ကိုမုန်းသွားပြီလားညီရယ် သူညီ့အပေါ်မှာထားတဲ့မရိုးသားတဲ့စိတ်တွေကိုညီ့ကိုဖွင့်ပြောပြီးတည်းကသူ့ကိုခုလိုမျိုးရှောင်နေတာဆိုတော့ ညီကသူ့ကိုပြန်မချစ်နိုင်လို့များလား

စဉ်းစားရင်းသက်ပြင်းတစ်ချက်ကိုချလိုက်မိသည် ညနေတော့ညီ့အိမ်ရှေ့မှာထပ်စောင့်ဦးမှပါလေ ညီမထွက်လာတော့လည်းကိုယ့်ကံပဲပေါ့
ဟူး အလုပ်ထဲလည်းစိတ်နှစ်လို့မရ ညီရယ်ကိုယ့်ကိုမင်းမျက်နှာလေးတော့မြင်ရခွင့်လေးပေးပါ

အခန်းထဲကနေလှမ်းမြင်နေရတဲ့ခြံရှေ့ကကားအနီလေးကြောင့်သူသက်ပြင်းချမိပြန်သည် ဘယ်နှနာရီရှိနေပြီလဲခင်ဗျားပြန်သင့်နေပြီလေ ကျွန်တော်ယုံကြည်ချင်တယ် ဒါပေမဲ့ ဦးနှောက်ကငြင်းဆန်နေတုန်းပဲ ခင်ဗျားပေးခဲ့တဲ့ဒဏ်ရာတွေအနာကျက်အောင်လုပ်နေချိန်မို့ကျွန်တော့်အတွက်အချိန်တစ်ခုတော့ခင်ဗျားပေးပါ
ကျစ်!မဖြစ်သေးပါဘူး၁၀ခွဲနေပြီမနက်ကျရင်လည်းအလုပ်ကသွားရမှာကို ကိုယ့်ကြောင့်နဲ့မပင်ပန်းစေချင်တာကတော့နှလုံးသားရောဦးနှောက်ရောက တစ်လေသံတည်းထွက်လာလေသည်

မင်းခန့်ညားမီးမှိတ်ထားတဲ့ညီ့အခန်းကိုကြည့်နေမိသည် ထိုအခန်းထဲမှာသူချစ်တဲ့ကောင်လေးဟာအိပ်မောကျနေလောက်ပြီ ဒီနေ့လည်းပင်ပန်းနေပေမဲ့တစ်မိုးအောက်မှာအတူမရှိနေရပေမဲ့ သူရှိနေတဲ့ သူနဲ့နီးတဲ့ဝန်းကျင်တစ်ခုမှာနေနေရတာကိုက ကိုယ့်အတွက်အလိုလိုနေရင်းကြည်နူးစေသည်ရင်ခုန်စေသည်

'Good Nightပါကိုယ်ချစ်ရတဲ့ညီ'
သူတိုးတိတ်စွာရေရွတ်ရင်းပြန်ဖို့ပြင်နေတုန်းခြံထဲမှာတွေ့လိုက်ရတဲ့လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အရာလေး

ခဏအကြာမှာတော့ခြံတံခါးလေးပွင့်လာပြီး သူအရမ်းတွေ့ချင်နေရတဲ့ကောင်လေးဟာ ထွက်လာပါလေတော့သည်

Mistakes!Where stories live. Discover now