{ep:3}

19.5K 1.6K 8
                                    

တစ်ချိန်ကမှားခဲ့တဲ့အမှားတစ်ခုကနောင်တစ်ချိန်မှာမလိုလားတဲ့အခြေအနေတစ်ခုကိုဖြစ်စေခဲ့မယ်မှန်းသိရင်ကိုယ်ကျူးလွန်ခဲ့မိမှာမဟုတ်ဘူးညီ...

'ဪမောင်ရင်တောင်ရောက်နှင့်နေပြီကိုး Sorryကွာကားလမ်းတွေကပိတ်နေတာနဲ့'

'ရပါတယ်Uncleကျွန်တော်လည်းရောက်တာမကြာသေးပါဘူး'

'အေး အေးUncleတူကတော့Car parkingထိုးနေလို့ပြီးမှလာလိမ့်မယ်အရင်မှာထားကြတာပေါ့'

'ဟုတ်ကဲ့'

'လေးလေး'
သူတို့menuကိုကြည့်နေတုန်းကြားလိုက်ရတဲ့အသံလေးကြောင့်မင်းခန့်ညားကြည့်မိလိုက်လေသည်

အသားဖြူဖြူမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကောင်လေးကသူ့ကိုမကြည့်ဘဲသူ့ရှေ့ကခုံမှာဝင်ထိုင်လေသည်
ဘာလို့ဒီကောင်လေးကိုတွေ့လိုက်တာနဲ့ အခုတလောတင်းကြပ်နေတဲ့စိတ်တွေကပြေပျောက်သွားသလို ခံစားနေရပါလိမ့်

'ကဲ ရောက်လာပြီဆိုတော့မိတ်ဆက်ပေးရဦးမယ် မောင်ရင် ဒါ ဦးရဲ့တူ ဒီကCompanyကိုဦးစီးမယ့်သူဆိုတာ'
မိတ်ဆက်သံအဆုံးသူ့ကိုကြည့်လာတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေသူ့ရဲ့ကော့တက်နေတဲ့နှုတ်ခမ်းပါးတစ်စုံက ကျွန်တော့်ရင်ကိုခုန်နှုန်းမြန်လာစေသလိုပဲ

'တွေ့ရတာဝမ်းသာပါတယ်ကျွန်တော်Moonlight Companyကမင်းခန့်ညားပါ'
သူ့ရဲ့ရာထူးကိုတော့ထည့်မိတ်မဆက်မိတော့ပါ ဂုဏ်ထူးဂုဏ်ပုဒ်တွေနှင့်ကြွားဝါသည်ဟုမထင်မှတ်စေချင်ပေ

'တွေ့ရတာဝမ်းသာပါတယ် ညီလို့ခေါ်ပါတယ်'
ညီ!သူ့ခေါင်းထဲမှာဒိန်းခနဲဖြစ်သွားသလိုပင်
ရုတ်တရက်ညီဘုန်းမြတ်အကြောင်းကမတွေးဘဲနဲ့ခေါင်းထဲရောက်လာတယ် သူ့ကိုပြုံးပြနေပေမဲ့ညီ့ရဲ့မျက်လုံးထဲမှာသူ့ကိုမနှစ်မြို့ဟန်တွေဘာလို့တွေ့နေရပါလိမ့်

'ကဲ ကဲသားငယ်လေးမှာတော့ မောင်ရင်လည်းကြိုက်တာမှာနော် ဒီနေ့တော့Uncleပဲဧည့်ခံပါရစေ'

'မဟုတ်တာUncleရဲ့ ကျွန်တော်ဧည့်ခံပါ့မယ်'

'နောက်တစ်ခါမှပေါ့ကွာ ဒီတစ်ခါတော့Uncleဧည့်ခံပါ့မယ် ပြီးတော့Uncleတူလေးကိုအပ်ပါတယ် သေချာလေးသင်ကြားပေးပါဦး သူကdesignပိုင်းမှာတော့အတွေ့အကြုံရှိပေမဲ့marketingနဲ့ပတ်သက်လို့အခုမှစလေ့လာရမှာမို့မောင်ရင့်ကိုပဲအားကိုးပါတယ်'

'ဟုတ်ကဲ့စိတ်ချပါUncle ကျွန်တော်ညီ့ကိုတတ်နိုင်သမျှကူညီပေးပါ့မယ်'

ညီဟူသောနာမ်စားကိုတရင်းတနှီးသုံးလိုက်လို့လားမသိသူ့ဆီသို့ရောက်လာပြန်လေသောသမင်မျက်လုံးလေးတွေ
ဘာလို့မှန်းမသိအဲ့မျက်ဝန်းတွေကိုရင်းနှီးနေသလိုပဲ

မှာထားတာတွေရောက်လာတော့လည်းအစားကိုဟုတ်တိပတ်တိမစား
အဲ့ဒါကြောင့်ဒီကောင်လေးသေးသေးလေးဖြစ်နေတာနေမယ် လူကဖြူဆုပ်ဆုပ်ပိန်ပိန်လေးရယ် အရပ်ကရှည်သော်ငြားသူနဲ့စာရင်ခေါင်းတစ်လုံးစာလောက်ပုလောက်မည်

အဲ့နေ့ကဘာလို့မှန်းမသိ သူထိုကောင်လေးကိုပဲခဏခဏကြည့်နေမိပြီး Uncleနဲ့သာစီးပွားရေးအကြောင်းပြောနေပေမဲ့ အတွေးတွေကသူ့ရှေ့ကကောင်လေးဆီမှာသာရောက်နေခဲ့မိသည်

ကောင်စုတ်လေးကတော့ သူ့ကိုတစ်ချက်လေးတောင်မကြည့်လာခဲ့ပါ

Mistakes!Место, где живут истории. Откройте их для себя