{ep:15}

14.4K 978 0
                                    

'Mommy'

'ဪ သားငယ် လာလေ'
ဝရန်တာကထိုင်ခုံမှာထိုင်ကာစာဖတ်နေတဲ့Mommyနားသွားကာ ဘေးကထိုင်ခုံမှာဝင်ထိုင်လိုက်လေသည်

'သားပြောစရာရှိလို့'

'အင်းအခုMommyကိုအားလုံးပြောပြဖို့အချိန်ယူပြီးပြီလားသား'
ညီဘုန်းမြတ်ခေါင်းလေးငြိမ့်ပြလိုက်လေသည် Mommyသည်သူ့သတင်းများကိုကြားနေခဲ့ပါလိမ့်မည် သို့ပေမဲ့တစ်ခွန်းမျှမမေးခဲ့မပါဝင်ခဲ့ပါသူ့အတွက်အချိန်အတိုင်းအတာတစ်ခုလိုအပ်မှန်းMommyနားလည်နေပေလိမ့်မည်

'သားမှာချစ်သူရှိနေပြီMommy'
သူခေါင်းလေးငုံ့ကာပြောလိုက်တော့Mommyရဲ့ခပ်ဖွဖွရယ်သံကိုကြားလိုက်ရသည်

'အခုသားချစ်သူကအဲ့ကောင်လေးလားသား'
မေးလာတဲ့Mommyစကားကြောင့်သူခေါင်းလေးငြိမ့်ပြလိုက်လေသည်

'တွဲနေတာဘယ်လောက်ကြာပြီလဲသား'

'သိပ်မကြာသေးပါဘူးMommy'

'ဟုတ်ပြီ Mommyကသားကိုအမြဲကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးခဲ့တာသားသိတယ်နော် Mommyကသားပျော်တာကိုမြင်ချင်လို့သားရွေးချယ်မှုတွေကိုလိုက်လျောပေးခဲ့တာ အခုဒီတစ်ခါရောသားရွေးချယ်မှုကသားကိုတကယ်ပျော်စေနိုင်မယ်လို့Mommyကိုအာမခံနိုင်လားသားငယ်'
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ကာမေးလာတာကြောင့်ညီဘုန်းမြတ်ခေါင်းလေးကိုငြိမ့်ပြလိုက်လေသည်

'သူကသားပျော်ရွှင်မှုကိုပဲလိုလားတဲ့သူပါMommy'
သူ့အဖြေစကားကြောင့်Mommyကနှစ်ခြိုက်စွာပြုံးရင်း

'ကောင်းပြီ သူကသာMommyကလေးကိုပျော်အောင်ဖန်တီးပေးနိုင်မယ်ဆိုMommyကဘာကိုကန့်ကွက်စရာအကြောင်းရှိမလဲ'
ချိုသာစွာပြောလာတဲ့Mommyစကားကြောင့်

'Mommy'

'ဒါပေမဲ့သားတို့ရဲ့ပတ်သက်မှုကအချိန်တိုတောင်းသေးတော့Mommyသိပ်စိတ်မချဘူးသား'
စိုးရိမ်ဟန်ရှိသောMommyမျက်နှာကြောင့်

'သားတို့တွဲဖြစ်တာမကြာသေးပေမဲ့'
ညီဘုန်းမြတ်အမေဖြစ်သူကိုကြည့်ရင်း

'သူကသားနှစ်ပေါင်းများစွာချစ်ခဲ့ရတဲ့သူပါMommy'
သူ့စကားကြောင့်Mommyကသူ့ကိုအံ့သြသလိုကြည့်လာလေတာကြောင့်သူခေါင်းလေးငြိမ့်ပြရင်း

Mistakes!Where stories live. Discover now