Tae's mind-နွေးလိုက်တာ....
တစ်ကိုယ်လုံးကိုသိမ်းပြီးဖက်ထားတဲ့တစ်ယောက်သောသူရဲ့ရင်ခွင်ကို အားကိုးတကြီးပြန်လည်သိုင်းဖက်ကာ......
မျက်ရည်တွေကျလာမိသည်။
အရူးမလေး အခုမှပေါ်လာတယ်
ငါ့ရဲ့ Miyoung

Fany-ငါရှိတယ် Taeyeon.... ငြိမ်ငြိမ်နေမလှုပ်နဲ့...
ပြောရင်း hoodie ကိုခေါင်းထိလုံအောင်ခြုံကာ သူ့က်ုပြန်ဖက်ထားလိုက်မိသည်။

Tae's mind-အရူးမပြောပြန်ပြီ 'ငါရှိတယ်တဲ့' အဲ့စကားလေးကြားရဖို့ရင်တွေနာလိုက်ရတာ...အဲ့စကားလေးကြားရဖို့မျှော်လိုက်ရတာ

Fany ဆန့်ကျင်ဘက်နှစ်ခုလုံးကလာနေကြတဲ့ရထားနဲ့ချိတ်မိမသွားအောင် သူ့အပေါ်ကနေမိုးပေးထားလျက် ရတဲ့နေရာလွတ်လေးမှာ နှစ်ယောက်သားပူးကပ်စွာနေရင်း

သူ့ကိုမလှုပ်ဖို့ပြောကာ...သူ့မျက်နှာကြည့်မိတော့
မျက်ရည်တွေကျကာ ငိုနေတဲ့သူ့ရဲ့မျက်ဝန်းနက်နက်တွေကြောင့်.......

Fany's mind-Mianae
Tae's mind-ဘာကိုလဲ
Fany's mind-နင်ငိုနေရပြီလေ
Tae's mind-အခုကပျော်လို့ငိုနေတာလေ

Fany သူ့နဖူးပေါ်နှုတ်ခမ်းလေးတင်းကြပ်စွာဖိကပ်ထားရင်း

Fany's mind-တောင်းပန်တယ်..ငါအရမ်းချစ်မိသွားလို့တစ်ကိုယ်ကောင်းဆန်မိသွားတယ်
Tae's mind-ငါကောဘဲတောင်းပန်တယ်...ငါလည်းငါဖြစ်ချင်တာဘဲဦးစားပေးပြီးတစ်ကိုယ်ကောင်းဆန်မိတယ်

Both's mind-အရမ်းချစ်မိသွားလို့ပါ

.

ဆူညံစွာဖြတ်သန်းနေတဲ့ရထားနဲ့ အေးချမ်းစွာခုန်နေတဲ့နှလုံးသားနှစ်စုံဟာ အနှေးပြကွက်တွေအလား.......

Fany နမ်းနေရာကခွာပြီး....သူ့ရဲ့မျက်နှာနုနုကိုပြန်ကြည့်ရင်းပြုံးကာ....

Fany's mind-Taeyeon na...နင်သိလား..ငါဒီလောက်ထိစိတ်အေးချမ်းတာမခံစားရဖူးဘူး
Tae's mind -ငါ့ကြောင့်လားဟင်!
Fany's mind-အင်း...ဟုတ်တယ်...အေးချမ်းတယ်..နင့်ရင်ခွင်က
ဘယ်လိုတင်စားပြောရပါ့မလဲ
'Taeyeon na နင်ကငါ့အတွက်အိမ်လေးနဲ့တူတယ်လို့ပြောရမလား
ဘာလို့လဲဆိုတော့ နင်ရှိနေရင် ငါလုံခြုံမှုကိုခံစားရတယ်

နင်ကငါ့အတွက်ဆိုရင်နေရောင်ခြည်ထက်ပိုတောက်ပတဲ့သူဆိုတာကောသိရဲ့လား
နင်ရောက်လာမှငါ့ရဲ့အမှောင်ကမ္ဘာလေးမှာ...အလင်းရောင်ဝင်လာတယ်..အဲ့ဒါလည်းငါအသိဆုံးဘဲ

My LoveWo Geschichten leben. Entdecke jetzt