စောင့်​ဆိုင်းခဲ့သည့်​​နောက်​(ဇာတ်​သိမ်း)

7K 708 163
                                    

ကျွန်​မသူ့ကို သုံးဘဝ​မြောက်​​ရောက်​သည်​အထိ
စောင့်​ဆိုင်းရန်​ ပြင်​ဆင်​ခဲ့သည်​။ထို့အပြင်
ကျွန်​မသည်​ ​နောက်​ဆုံးတွင်​ ချီ စွမ်းအင်​တို့ကို
ရရှိခဲ့​လေသည်​။ ထို့​ကြောင့်​ ကျွန်​မမြစ်​ကမ်းပါး​ပေါ်သို့
ခိုး​ကြောင်​ခိုးဝှက်​ တက်​လိုက်​သည်​။
ကျွန်​မသည်​ နှစ်​သုံးရာရှိပြီဖြစ်​​သော ​ကျောက်​တုံးမိစ္ဆာ
တစ်​​ယောက်​ ဖြစ်​လုနီးပါးပင်​ ဖြစ်​​နေပြီ....

ယခုဘဝတွင်​​တော့ သူသည်​ စစ်​သူကြီးတစ်​​ယောက်
ဖြစ်​သည်​။အကူအညီမဲ့တံတား၏ ​ဘေးတစ်​ဖက်​စီတွင်
ရပ်​၍ သူ့ဇနီးဖြစ်​သူနှင့်​ အဘွားမုံ၏စွတ်​ပြုတ်​ကို
သောက်​ရန်နှင့်​ လူဝင်​စားစက်​ဝိုင်းထဲသို့ဝင်​ရန်
ငြင်းသည့်​ကိစ္စနှင့်​ပတ်​သတ်​၍ စကားများ​နေကြသည်

သူ့မျက်​နှာမှာ မှုန်​မှိုင်း​နေကာ ကျုံ့ထား​သော
မျက်​​မှောင်​တို့က သူ၏စိုးရိမ်​စိတ်​တို့ကိုထင်​ရှားစွာ
ပြသ​နေသည်​။
သူဘာ​တွေများဖြစ်​​နေတာပါလိမ့်​.....
ဘယ်​သူက သူ့ကိုဒီလိုဝမ်းနည်း​စေ​အောင်​လုပ်​ရတာလဲ။

အဘွားမုံက သူ့ကို​မေးလိုက်​သည်​။
"မင်း ဘာလို့မ​သောက်​သလဲ"

သူပြန်​​ဖြေလိုက်​သည်
"ကျွန်​​တော်​ ကျွန်​​တော့်​ဇနီးကို မ​မေ့ချင်​လို့"

ထို့​ကြောင့်​ အဘွားမုံကခပ်​​ဖျော့​ဖျော့​လေးပြုံးကာ
ကျွန်​မရှိရာဆီသ်ို့ညွှန်​ပြရင်း
"မင်း အဲဒီ​ကျောက်​တုံး​လေးကို​တွေ့သလား"

"ကျွန်​​တော်​မြင်​ပါတယ်​"

"အဲဒါက ​မေ့​ပျောက်​ခြင်းမြစ်ရဲ့ ​ကျောက်​တုံး​လေးပဲ
သူ့မှာ သုံးဘဝစာ ချီစွမ်းအင်​​တွေရှိ​နေတယ်
တကယ်​လို့များ မင်းနဲ့ မင်းချစ်​ရတဲ့သူရဲ့နာမည်​ကို
အဲဒီ​ကျောက်​တုံး​လေးမှာ ​ရေးထိုးလိုက်​မယ်​ဆိုရင်
မင်းတို့နှစ်​ဦးဟာ ​နောက်​ဘဝမှာလည်း စုံတွဲအဖြစ်
ပြန်​လည်​လက်​တွဲရလိမ့်​မယ်​"

သူ့ကို​တွေ့မြင်​ရ၍ ​​ပျော်​ရွှင်​​နေ​သော ကျွန်​မစိတ်​တို့
လွင့်​စင်​​ပျောက်​ကွယ်​သွား​လေပြီ
ကျွန်​မခန္ဓာကိုယ်​တစ်​ခုလုံးရှိ ဒဏ်​ရာနာကျင်​မှုတို့်​လည်း
အဆုံးသတ်​သွားခဲ့ပြီ

စောင့်​ဆိုင်းခဲ့သည့်​​နောက်​Where stories live. Discover now