ဝိဥာဉ်များအားလုံးလာရောက်ရမည့်ကမ်းခြေ၏ချောက်ကမ်းပါးနှစ်ခုကြားတွင်အေးစက်၍ မှုန်ရီနေသော "တွယ်ရာမဲ့"တံတားတည်ရှိသည်။
ဖြတ်သန်းသွားသောဝိဥာဉ်များကို ကျွန်မတိတ်တဆိတ်သာငေးကြည့်မိ၏။တစ်ချို့ကအဖော်နှင့်ဖြစ်သော်ငြားတစ်ချို့ကတော့ တစ်ကိုယ်တည်းသာ။သူတို့အားလုံးသွေးပင်လယ်ကြီးတစ်ခုလို နီရဲစွာဖူးပွင့်နေသည့်ပန်းများဖြင့်အနားသတ်ထားသော လမ်းတစ်လျောက်မှနေ၍မကောင်းမှုတံတားဆီသို့ တစ်လှမ်းချင်းလျောက်လှမ်းနေကြသည်။
မည်သို့ပင်ဆန္ဒမရှိပါစေ...မည်သို့ပင်ဤနေရာကလွတ်မြောက်အောင်ကြိုးစားပါစေ
သူတို့၏ဘေးပတ်ဝန်းကျင်တွင်တည်ရှိနေသောအရာများ
သည်ပြောင်းလဲသွားလိမ့်မည်မဟုတ်ချေ။တွယ်ရာမဲ့တံတားဘေးသို့တရွေ့ရွေ့လျောက်သွားနေကြသည့်ထိုအထီးကျန်ပုံရိပ်များကိုကြည့်ရင်းကျွန်မ သက်ပြင်းကိုသာ ချမိတော့သည်။
ဘာလို့များ ဒီငရဲကို အနီရောင်ပင့်ကူနီပန်းတွေနဲ့ မိုးကုတ်စက်ဝိုင်း အဆုံးအထိ
ကာရံပစ်လို့ မရနိုင်ရတာပါလိမ့်။ကြင်နာတတ်တဲ့အဘွားမုံရေ..... ရှင့်လက်ထဲကစွပ်ပြုတ်ကို ကျွန်မမသောက်ပဲနေလို့မရဘူးလားဟင်။
မသောက်လို့မရဘူးလား....
ဒါပေမယ့်ကျွန်မ ဘယ်လိုပဲငြင်းဆန်ပါစေ
အလှည့်ဆိုတာကတော့ရောက်လာတာပါပဲ။"သခင်မလေး စွပ်ပြုတ်ကိုသောက်ပါ
ပြီးရင်အရာအားလုံးကိုမေ့ပစ်ပါ။
ဒီဘဝရဲ့ နာကျင်ခံစားရမှုတွေ ၊ အတောမသတ်နိုင်တဲ့ဆန္ဒတွေမရှိပဲနဲ့ ဘဝသစ်မှာ ပြန်လည်စတင်ပါ""ဟင့်အင်း....ဒါဆိုရင်အဲဒီလူကရော....
ကျွန်မနှလုံးသားထဲက.... အဲဒီလူကရော..."ကျွန်မနှုတ်ခမ်းဖျားများအား လှုပ်ရုံမျှသာလှုပ်၍မေးလိုက်နိုင်သည်။
ကျွန်မထိုသို့မလုပ်နိုင်......သူ့ ကိုမေ့ဖို့ဆန္ဒမရှိ။
YOU ARE READING
စောင့်ဆိုင်းခဲ့သည့်နောက်
Historical Fiction"သခင်မလေး စွပ်ပြုတ်ကိုသောက်ပါ ပြီးရင်အရာအားလုံးကိုမေ့ပစ်ပါ။ ဒီဘဝရဲ့ နာကျင်ခံစားရမှုတွေ ၊ အတောမသတ်နိုင်တဲ့ဆန္ဒတွေမရှိပဲနဲ့ ဘဝသစ်မှာ ပြန်လည်စတင်ပါ" "ဟင့်အင်း....ဒါဆိုရင်အဲဒီလူကရော.... ကျွန်မနှလုံးသားထဲက.... အဲဒီလူကရော..." ကျွန်...