Part-8

13.2K 1.5K 115
                                    

Chanyeol Byun​လေး ​ရေ​လောင်း​ပေးလိုက်​တယ်

ရေ​နွေးကန်​ထဲက ချီလိုက်​​တော့ ချမ်းလို့ တုန်​​နေ​သော ​ပေါက်​စိ​လေး

Chanyeol ​ရေကန်​ထဲ ပြန်​ချလိုက်​တယ်

မှောင်​​မှောင်​ မိုင်းမိုင်း ​ရေခိုး​ငွေ့​တွေဟာ ​မြေ​အောက်​ထပ်​ တစ်​ခုလုံး ​ဝေဝါး​နေ​တယ်

မြေ​အောက်​ သစ်​ပင်​ကြီး​တွေ ကြားက ပန်းပွင့်​​တွေနဲ့ Park Chanyeol ၏ ​ရေချိုးကန်​ကြီး

Chanyeol Byun​လေးကို အဝတ်​ဖက်​နဲ့ တိုက်​​ပေးလိုက်​တယ်

Byun​လေး ​ကျောကုန်းမှာ အနီစက်​​လေး

Chanyeol ကြည့်​​လိုက်​မိတယ်

"အနီစက်​"

အနီစက်​က ဘာလို့လဲ----

Chanyeol ​ဆေးစက်​ ​ပေ ​နေတယ်​ထင်​လို့ ​သေချာတိုက်​​ပေးလိုက်​မိတယ်

သို့​သော်​ ထိုအနီစက်​​လေးက ​ပျောက်​မသွားဘူး

Chanyeol Byun​လေးကို သူ့ဘက်​လှည့်​ပြီး ကြည့်​လိုက်​မိတယ်

Chanyeol စိတ်​ထဲမှာ တစ်​မျိုးကြီး ဖြစ်​​နေမိတယ်

အနီစက်​က သက်​တမ်းကုန်​လို့ လူ့ပြည်​ ပြန်​ပို့ရမယ့်​ Petal ​တွေမှာပဲ ​ပေါ်လာတတ်​​သော အမှတ်​အသား​လေးပင်

အိမ်​ပြန်​ပို့မယ့်​ Petal​တွေကို ​သွေး​ဖောက်​ပြီး ​ပုလင်းထဲထည့်​ကာ ​ကောင်းကင်​ကို ပို့​ပြီး Monster ​မြေကို ပို​င်​ဆို​​င်​​သောနတ်​သမီး၏ ခွင့်​ပြုချက်​ကို ယူရတယ်

သက်​တမ်းကုန်​လို့ ခွင့်​ပြုချက်​ ကျလာရင်​ အမှတ်​အသားအ​နေနဲ့ ​ကျောကုန်းမှာ အနီစက်​​လေး အချိန်​အပိုင်းအခြားလိုက်​ တစ်​စက်​စီ ​ပေါ်လာတယ်

သုံးစက်​ပြည့်​တဲ့ အခါ အိမ်​မပြန်​ရင်​ ​ရေ​ငွေ့အဖြစ်​ ​သေဆုံးသွားတယ်

ဒါ​ပေမယ့်​ သူ့ Byun​လေးက ငယ်​ငယ်​​လေး ရှိ​သေးတာကို~~

အနီစက်​က ဘာလို့ ​ပေါ်လာတာလဲ~~~

Chanyeol ​​ရေထဲမှာ ငုတ်​တုတ်​​လေး ထို​င်​ကာ Byun​လေးကို ကြည့်​​နေမိတယ်

MyPetal {Season 1}Where stories live. Discover now