ဒီကောင်လေးတော့...

"BaekHyun.. ခင်ဗျားက ~"

ကျွန်တော့်ကို မျက်လုံးသေဖြင့် စိုက်ကြည့်ရာကနေ ပြောလာကာ စကားကို ပြီးအောင် မပြောပဲ ရပ်ထားသေးသည်။

သူ ဘာဆက်ပြောလိမ့်မည်လဲဟု စောင့်ဆိုင်းနေပါသော်လည်း ပြောဖို့ နှုတ်ခမ်းပြင်ပြီးမှ မပြော။
တော်တော်လေးကြာတော့မှ...

"အင်း.. ဒီနှစ်လအတွင်းမှာတော့ ကျွန်တော် ခင်ဗျားကို စောင့်ရှောက်ပေးပါ့မယ်"

ပြောချင်ရာပြောပြီး တီဗွီကို ပိတ်ကာ သူ့အခန်းထဲသူ ဝင်သွားလေတော့သည်။
ကျွန်တော့်မှာသာ ခဏမျှ ကြောင်အလျက် ကျန်နေခဲ့၏။

သူက?
ကျွန်တော့်ကို??
စောင့်ရှောက်မယ်???

ကွျွန်တော် စိတ်လိုလက်ရပင် သဘောကျစွာ ရယ်ပစ်လိုက်သည်။

အသက်ဆယ့်တစ်နှစ်အရွယ်က ခုမှ အလယ်တန်းကျောင်းတက်နေတဲ့ ကောင်လေးက သူ့ထက် အသက်ရှစ်နှစ်ကြီးတဲ့ ကိုယ့်ဖာသာကိုယ် ရပ်တည်နေတဲ့ ကျွန်တော့်ကို စောင့်ရှောက်မယ်တဲ့လေ...

မျက်နှာက ဒဏ်ရာဒဏ်ချက်များကိုမှမထောက် ရုပ်တည်ကြီးနှင့် ပြောချသွားလိုက်တာများ~

စတွေ့တုန်းကတော့ အကြောတင်းလို့ ကြည့်မရခဲ့ပေမယ့် နောက်ရက်မှာတော့ ကျွန်တော် သူ့အပေါ် အမြင်တွေ ပြောင်းလဲခဲ့ပါသည်။

ထူးထူးဆန်းဆန်း အတွေးအခေါ်၊ အပြုအမူများနှင့် ပြောရဆိုရလက်ပေါက်ကပ်သော ကျွန်တော့် ငါးဝမ်းကွဲ(မသေချာ)တူကို ကျွန်တော် သံယောဇဉ်တွယ်လာတော့၏။

✨✨✨

စားသောက်ဆိုင်ထဲ အရမ်းကြီး လူစည်းကားနေတာမျိုးတော့ မဟုတ်ပေမယ့် စားပွဲဝိုင်းတော်တော်များများမှာ လူပြည့်နေပြီဖြစ်သည်။

ကောင်တာကနေ မှာထားသမျှ အော်ဒါတွေကို စားပွဲဝိုင်းဆီ သွားပို့ပေးရသည်မှာ မကြာခဏ။

'Snow flakes' အမည်ရှိ စားသောက်ဆိုင်ကလေးသည် အရမ်းမကြီးလှသော်ငြား စားသုံးသူများပြား၍ နာမည်ကြီးသည်။
့YeSung(예성)ဟု ခေါ်သော နာမည်ရ စားဖိုမှူ းတစ်ယောက်ကိုယ်တိုင် ဦးစီးဦးဆောင်ပြုကာ ဆိုင်လေးကို ဖွင့်လှစ်ထားခြင်း ဖြစ်၏။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now