"အောင်မလေး~ တာဝန်သိတတ်နေလိုက်တာ"

စိတ်လေသွားဟန် ပုံစံမျိုးဖြင့် မျက်လုံးကို အထက်သို့လှန်ပြီး ပြောကာ ကျွန်တော့်လက်ထဲက ရေခဲဝတ်ကို ဆွဲယူ၍ ထမင်းစားပွဲမှာ ဘေးဘက်မှာ မျက်နှာချင်းဆိုင် ထိုင်နေရာကနေ တီဗွီရှေ့က ဆိုဖာဆီ လျှောက်သွားလေ၏။

ရီမုတ်နှင့် တီဗွီကို ဖွင့်လိုက်တာများ သူ့အိမ်သူယာကျလို့..။
ဘာပဲဖြစ်ဖြစ် ဒီကောင်လေးနှင့် အနည်းငယ်လောက် ရင်းနှီးပြီဟု ထင်မိသည်။

ကောင်လေးက ပြောရဆိုရ လက်ပေါက်ကပ်ပေမယ့် အတွင်းစိတ်ကတော့ ကောင်းမည့်ပုံလေး..

ကျွန်တော်လည်း သူနှင့် မနီးမဝေးတွင် ထိုင်လိုက်ပြီး သူနှင့်အတူ တီဗွီကြည့်နေလိုက်၏။

"ခင်ဗျားကို ကြည့်ရတာ အသက်နှစ်ဆယ်တောင် ပြည့်သေးပုံမပေါ်ပါဘူး။ ဘာလို့ တစ်ယောက်တည်းနေတာလဲ? မိဘတွေရော??"

"လွန်ခဲ့တဲ့ လေးနှစ်လောက်က ကားတိုက်မှုနဲ့ ဆုံးသွားပြီ"

အရင်ကတော့ ဒီလိုမျိုး မေးခွန်းများနှင့် ကြုံတွေ့ရလျှင် မျက်ရည်များပင် ချက်ချင်းဝဲတက်လာတတ်သော်လည်း ခုတော့ ဘာမှသိပ်မခံစားရ။

မိဘနှစ်ပါးမရှိသည့် လောကအလယ် ကျွန်တော်တစ်ယောက်တည်း ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့သည်။
ကျွန်တော် ထင်ထားသည်ထက် ကျွန်တော်ဟာ စိတ်ဓာတ်မာကျောခဲ့သည်။

"..."

ChanYeol ၏ အကြည့်သည် တီဗွီကနေ ကျွန်တော့်ဆီ ရောက်လာ၏။
သူ့အကြည့်များထဲက အရိပ်တချို့ကို တချို့ဖတ်မိသောအခါ အသာပြုံးလိုက်မိသည်။

သနားဂရုဏာသက်သည့် အကြည့်မျိုးတွေနှင့် လူပေါင်းများစွာဆီက ကြည့်တာကို ခံခဲ့ဖူးပါပြီ။
ခု သည်ကောင်လေးသည်လည်း ထိုလူပေါင်းများစွာထဲက တစ်ယောက်ဖြစ်လာပြီ။

သို့သော် သိပ်မကြာလိုက်.. သူ ကျွန်တော့်ကို ကြည့်နေတဲ့အကြည့်တွေထဲက ဝမ်းနည်းရိပ်ကို မြင်လိုက်မိတဲ့အခါ ကျွန်တော် ဆက်ပြုံးမနေနိုင်တော့။

ဝမ်းနည်းမှုတို့ ရောပြွန်းနေသော ထိုအကြည့်။
ကျွန်တော်၏ ဆွေမျိုးများထံ၌လည်း မမြင်ခဲ့ဖူး..
သူငယ်ချင်းမိတ်ဆွေများထံမှာလည်း မတွေ့ခဲ့ဖူး..
မသိမကျွမ်းသူများထံ၌လည်း ရှာမရခဲ့ပါ။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now