သူ့ပုံစံကလည်း သူ့ကို လာစမ်းလို့ရှိရင် ငြိမ်ခံနေမည့် ပုံမဟုတ်ဘူးမလား။
"သူတို့က သုံးယောက်၊ ကျွန်တော်က တစ်ယောက်တည်း။ ပြန်ထိုးရင်လည်း ခံရမှာပဲ မထိုးလည်း ခံရမှာပဲ။ ခံရမှာချင်းအတူတူ မပင်ပန်းတော့ဘူးပေါ့.."
သူ့လော့ဂျစ်နှင့် သူကတော့ ဟုတ်နေတာပါပဲ..။
ကျွန်တော်ကတော့ အနိုင်ကျင့်ဖို့ ကြိုးစားသည့်သူတိုင်းကို တတ်ထားသည့် Hapkido ပညာအား အသုံးချကာ သင်ခန်းစာပေးလိုက်သည်ချည်း။
"အဲ့လိုပဲ အနိုင်ကျင့်ခံနေကျလား.. ဘာလို့ မင်းကို အနိုင်ကျင့်ကြတာလဲ?"
"အနိုင်ကျင့်ခံရတယ်လို့ မပြောစမ်းပါနဲ့ဗျာ!"
ဘောက်ဆတ်ဆတ်နှင့် ထပြောသည့် ကောင်လေးကြောင့် ကျွန်တော့်မှာ ရယ်လိုက်ရသေးသည်။
ကျွန်တော့်စကားက သူ့မာနကို ထိခိုက်လိုက်မိလို့ ထင်ပါရဲ့..။
ဒီလောက်မာနကြီးသည့် ကောင်လေးက သူအနိုင်ကျင့်ခံနေရတာကို ကျွန်တော်မြင်သွားခြင်းအပေါ် သိပ်စိတ်ကျေနပ်မည်မထင်။
"မဖြစ်သေးပါဘူး... နောက်ဆို နေ့တိုင်းလိုလို လာကြိုပေးမယ်"
ထိုအခါ ChanYeol က ကျွန်တော့်ကို ပေစောင်းစောင်းကြည့်လေသည်။
မနက်စာပြင်ပေးခဲ့သည့် မျက်နှာကြောင့်ပဲလား စိတ်ကြည်လင်နေလို့ပဲလား မသိ။
ဒီကောင်လေးကို အပြစ်မမြင်မိပဲ ချစ်စရာကောင်းသည်ဟုပင် မြင်မိ၏။
"လူစွမ်းကောင်းလိုလို ကယ်တင်ရှင်လိုလို လုပ်မနေစမ်းပါနဲ့ဗျာ! မြင်ပြင်းကပ်တယ်"
သူ့စကားကြောင့် ကျွန်တော့်လည်ချောင်းထဲ တစ်ဆို့ဆို့.. ဘာပြန်ပြောလို့ ပြောရမှန်းပင်မသိ။
ကြားရဖန်များလာလို့လားတော့မသိ.. ကောင်လေး၏ ပြောပုံဆိုပုံအပေါ် စိတ်မဆိုးမိပဲ ရယ်သာရယ်ချင်သည်။
"ဟျောင့်လေး~ မင်းကို မင်းအမေက ငါ့ဆီ အပ်ထားခဲ့တာကွ! သူ့သားအဖိုးတန်လေးကို အနာတရမဖြစ်ရလေအောင် စောင့်ရှောက်ဖို့ ငါ့မှာတာဝန်ရှိတယ်"
နှုတ်ခမ်းထောင့်က ဒဏ်ရာကို ပလာစတာကပ်ပေးအပြီး ဘယ်ဘက်ပါးပေါ်က ဖူးယောင်ဒဏ်ရာကို ရေခဲဝတ်ဖြင့် ကပ်ပေးကာ ကျွန်တော် ပြောလိုက်တော့ သူက အော့အန်တော့မည့်ပုံလုပ်ပြသည်။
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 3 장✨
Start from the beginning
