တော်တော်လေး ဒေါသထွက်နေသည့် ကလေးမိခင်သည် ကျွန်တော့်ကို တွန်းကာတွန်းကာဖြင့် ပြောဆိုနေဆဲပင် ဖြစ်သည်။
ကလေးငယ်ကိုတော့ အခြားဝန်ထမ်းများက ကုသပေးနေ၏။
ဆိုင်ပိုင်ရှင် စားဖိုမှူးအစ်ကို YeSung သည်လည်း ကျွန်တော့်ဘေးတွင် မျက်နှာငယ်နှင့် ရပ်နေရပြီ။
မြေကြီးထဲသာ တိုးဝင်လို့သွားချင်ပါ၏။
"ဒီမှာ အဒေါ်ကြီး!"
ကလေးငယ်၏ မိခင်ကို အားနှင့် တွန်းထုတ်လိုက်ကာ ကျွန်တော့်ရှေ့ လာရပ်တည်ပေးသူက ဆယ့်တစ်နှစ်အရွယ်ကလေး Park ChanYeol ပင်ဖြစ်လေသည်။
🌟MY SPECIAL MAN🌟
Chapter Three Ends >>
#ChanBaekLove
#EternalChanBaek
Unicode
Byun BaekHyun's pov:
နှုတ်ခမ်းထောင့်နားက ပေါက်ပြဲရာပေါ် ဆေးရည်သုတ်ထားသည့် ဝါဂွမ်းဖြင့် အသာတို့တော့ ကောင်လေးက တော်တော်လေး နာလို့ထင်ရဲ့။
ခေါင်းက ဆတ်ခနဲ အနောက်ဘက်ကို ဆုတ်သွားသည်။
ဘယ်ဘက်ပါးပြင်မှာလည်း ဖူးယောင်လို့ နှုတ်ခမ်းမှာလည်း ပေါက်ပြဲရာနှင့်။
ရန်ဖြစ်လာတာလို့လည်း ပြောလို့မရ။
အနိုင်ကျင့်ခံလာရတာလို့ပဲ ပြောရမလား။
ရန်ဖြစ်လာတာဆို ဆူလို့ ရသေးသည်။
ခုဟာက သူများထိုးသမျှ ခံလာရတာဆိုတော့ ဘယ်လိုပြောရမှန်းမသိ။
အနိုင်ကျင့်ခံလာရတယ် ဆိုရအောင်လည်း ကျွန်တော် တွေ့လိုက်တုန်းက လမ်းကြားထဲမှာ အတော်လေးဆိုးသွမ်းပုံရသည့် ကောင်လေးတစ်ယောက်က ChanYeol ကို လည်ကုပ်ကနေ ဆွဲကိုင်ကာ ထိုးဖို့ ရွယ်နေခဲ့၏။
အနား၌လည်း ကျောင်းသားနှစ်ယောက်လောက် ရှိနေသေးသည်။
သို့သော်လည်း ChanYeol မျက်နှာထက် အနိုင်ကျင့်ခံရသူလို ကြောက်ရွံ့သည့် အရိပ်အယောင် နည်းနည်းလေးမှ ရှာမရ။
နာကျင်ရိပ်လည်း နည်းနည်းလေးမှပင် မတွေ့ရှိ။
သူ့ကို ဆွဲထိုးဖို့ပြင်နေသည့် ကျောင်းသားကို မှင်သေသေနှင့် ကြည့်နေခဲ့တာ ဖြစ်သည်။
"ဘာလို့ သူတို့ကို ပြန်မထိုးတာလဲ?"
သူ့လို ခပ်တည်တည်နှင့် တလောကလုံး သူ့လုပ်စာထိုင်စားနေရသလို မျက်နှာပေးမျိုးကို အနိုင်ကျင့်မည့်လူမရှိလောက်ဟု ကျွန်တော် ထင်ခဲ့သည်။
BINABASA MO ANG
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 3 장✨
Magsimula sa umpisa
