ဆိုင်ရှင်စားဖိုမှူ းအစ်ကို YeSung သည် သဘောကောင်းဖော်ရွေသည်။
လစာကလည်း သင့်တင့်သဖြင့် သည်ဆိုင်ကလေးမှာ အလုပ်လုပ်ရသည်မှာ တကယ်အဆင်ပြေပါ၏။
"ပူတယ်နော်.. သတိထားဦး BaekHyunee"
ပန်းကန်လုံး ပြည့်လုနီးပါး ဟင်းရည်ပူများကြောင့် စားဖိုမှူ းအစ်မက သတိပေးသည်။
ပန်းကန်လုံးလိုက် မသယ်သွားချင်၍ ဗန်းငယ်လေးနှင့်ပဲဖြစ်ဖြစ် ထည့်သွားရန် စဉ်းစားမိသော်လည်း ဗန်းက အနီးအနား၌ ရှိမနေ။
စားသုံးသူများ စောင့်နေရတာ ကြာနေမည်စိုး၍ ဒီအတိုင်း ကြွေပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် သေသေချာချာ သတိကြီးကြီးထားကာ ကိုင်ရင်း လျှောက်လာလိုက်သည်။
ကောင်းကင်ထက်တွင် တိမ်ကင်းစင်၍ နေသာသည်။
ရာသီဥတုကလည်း ကောင်းမွန်၍ လေထုကလည်း လတ်ဆတ်အေးမြ၏။
တစ်နေကုန် အချိန်ပိုင်းအလုပ်တစ်ခုကနေ နောက်တစ်ခုဆက်ပြီး အလုပ်လုပ်လာခဲ့ရာ တစ်ချိန်လုံး အဆင်ပြေနေခဲ့ပေမယ့်...
ညနေပိုင်း အလုပ်ချိန်ပြီးခါနီးအချိန်ကျမှ ကံကြမ္မာဆိုးဟာ ကျွန်တော်နှင့် လာတွေ့ဆုံတော့သည်။
ဆိုင်ထဲ ပြေးလွှားဆော့ကစားနေသော ကလေးငယ်သည် ကျွန်တော့်ကို တည့်တည့်ဝင်တိုက်လေ၏။
တိုက်မိသွားတာက ကိစ္စမရှိပေမယ့် လက်ထဲကိုင်လာသည့် ပန်းကန်က ကိစ္စရှိသည်။
ပန်းကန်ထဲက ဟင်းရည်ပူများသည် ကလေး၏ ခန္ဓာကိုယ်နေရာအချို့ပေါ် ဖိတ်စင်သွားပြီဖြစ်သည်။
သွားပြီ!
ကလေး၏ အော်ငိုသံထွက်လာသည်နှင့် ကျွန်တော့်ကမ္ဘာကြီးလည်း ချာချာလည်သွားသလိုပင်။
ဘာလုပ်လို့လုပ်ရမှန်းမသိ.. နေရာမှာတင် ကြောင်ရပ်ကာ ထူပူလို့နေသည်။
ကြမ်းပြင်ပေါ် လဲကျကာ အော်ငိုနေသော ကလေး၏ ဘေး၌ ထိုင်ချကာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေစဉ် အမေဖြစ်သူက ကျွန်တော့်ကို တွန်းထုတ်ပစ်လိုက်၏။
ပါးပြင်တစ်ဖက် ထူပူသွားပြီးနောက် ကလေးငယ်၏ အမေဖြစ်သူ နှုတ်ကနေ အပြစ်တင်စကားများ တရစပ်ထွက်လို့လာသည်။
နားထဲ ဘာမှရေရေရာရာမကြားရတော့..။
ခေါင်းကို တွင်တွင်ငုံ့ရင်း 'တောင်းပန်ပါတယ်' ဟူသော စကားကိုသာ ကြိမ်ဖန်များစွာ ရွတ်ဆိုနေမိ၏။
'Customer is always right' တဲ့။
ထိုကလေးငယ်၏ မိခင်မကျေမနပ်မချင်း ကျွန်တော် နည်းမျိုးစုံဖြင့် တောင်းပန်ရမည် မဟုတ်ပါလား။
ဒီအလုပ်ကနေ မထွက်ချင်ပါ။
လစာကောင်းသလို လုပ်ဖော်ကိုင်ဖက်များနှင့်ပါ ရင်းနှီးနေပြီမို့ ဒီမှာအလုပ်ရတာ ပျော်သည်။
ပါးပြင်ထက်မှ ထူပူကျိန်းစက်နေတာကိုလည်း ဂရုမစိုက်..
လက်ခုံနှင့် လက်ဖျံထက်၌ အပူလောင်ထားသည်ကိုလည်း သတိမပြုမိပါ။
တော်တော်လေး ဒေါသထွက်နေသည့် ကလေးမိခင်သည် ကျွန်တော့်ကို တွန်းကာတွန်းကာဖြင့် ပြောဆိုနေဆဲပင် ဖြစ်သည်။
ကလေးငယ်ကိုတော့ အခြားဝန်ထမ်းများက ကုသပေးနေ၏။
ဆိုင်ပိုင်ရှင် စားဖိုမှူ းအစ်ကို YeSung သည်လည်း ကျွန်တော့်ဘေးတွင် မျက်နှာငယ်နှင့် ရပ်နေရပြီ။
မြေကြီးထဲသာ တိုးဝင်လို့သွားချင်ပါ၏။
"ဒီမှာ အဒေါ်ကြီး!"
ကလေးငယ်၏ မိခင်ကို အားနှင့် တွန်းထုတ်လိုက်ကာ ကျွန်တော့်ရှေ့ လာရပ်တည်ပေးသူက ဆယ့်တစ်နှစ်အရွယ်ကလေး Park ChanYeol ပင်ဖြစ်လေသည်။
🌟MY SPECIAL MAN🌟
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 3 장✨
Start from the beginning
