အိမ်ရှင်ဦးလေးကြီးရဲ့အင်္ကျီတွေပုဆိုးတွေကကျွန်တော်ဝတ်ဖို့အဆင်ပြေပေမဲ့ လူကောင်သေးတဲ့ညီ့အတွက်တော့အဖေ့အင်္ကျီတွေကိုယူဝတ်ထားတဲ့ကလေးလေးလိုဖြစ်နေလေသည် ရှပ်အင်္ကျီအဖြူစင်းကြီးကသူ့လက်ချောင်းလေးတွေသာပေါ်နေပြီးလူကအင်္ကျီထဲမှာမြုပ်နေလေပြီ ပြည်ပမှာကြီးပြင်းလာတဲ့ညီ့အတွက်ပုဆိုးကိုလည်းခဏခဏပြင်ဝတ်နေရသည်ကအမော ပုဆိုးကလည်းကျောင်းမှာဆရာမတွေဆူနေကျအမှိုက်သိမ်းပုဆိုးလိုဖြစ်နေလေသည် အခုလည်းကြယ်ကြည့်ချင်တယ်ဆိုကာအိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေတာကြောင့်ကျွန်တော်လည်းသူ့ဘေးမှာထိုင်ရင်းစကားပြောနေမိခြင်းပင် အခုတော့ကြယ်ကြည့်ချင်တဲ့ကောင်လေးဟာခေါင်းကိုမော့မလာတော့ပေ သူညီ့ကိုကြည့်ရင်းပြုံးနေမိသည် ခေါင်းငုံ့ထားတဲ့ကောင်လေးကတော့ကျွန်တော်သူ့ကိုခိုးကြည့်နေမှန်းမသိနိုင်ပါလေ

'ကျေးဇူးတင်ပါတယ်ဦးလေးနဲ့အဒေါ်'
မနက်အစောကြီးရောက်လာကာပြန်ဖို့စီစဉ်ပေးကြတဲ့စက်ရုံကလူတွေကြောင့်ညီနိုးတာနဲ့ပြန်ဖို့လုပ်လိုက်လေသည်

'ရပါတယ်ကွယ် ဂရုစိုက်ပြန်ကြဦး'

'ဟုတ်ကဲ့'
ပြောလာတဲ့အိမ်ရှင်အဒေါ်ကြီးကိုပြုံးရင်းနှုတ်ဆက်ကာညီ့ကိုရှာဖို့ပြင်ရလေတော့သည် ခုနကပဲဒီအိမ်က ကလေးမလေးနဲ့စကားတွေပြောနေတာတွေ့ပါသေးတယ် သိပ်မကြာလိုက်ပါကလေးမလေးလက်ကိုဆွဲကာလျှောက်လာတဲ့ညီ ကလေးမလေးပန်ပေးထားတာလားမသိ ပန်းနီနီလေးတစ်ပွင့်ကလည်းညီ့နားရွက်ကြားထဲမှာ မင်းခန့်ညားလှလွန်းတဲ့ထိုပန်းချီကားကိုငေးကြည့်နေမိတာ ညီထိုအိမ်ကလူတွေကိုနှုတ်ဆက်ပြီးကားပေါ်ရောက်တဲ့အထိပင်

'ကားမမောင်းသေးဘူးလား'
Seat beltပတ်နေရင်းက သူ့ကိုခေါင်းလေးစောင်းပြီးမေးလာတဲ့ညီ့ကြောင့်

'ဟင် အင်း အခုမောင်းတော့မှာ'
သူကြောင်တောင်တောင်နဲ့ပြန်ဖြေရင်းကားစက်နှိုးကာထွက်လာလိုက်တော့သည်

'ညီ'

'ဟင်'
ထုံးစံအတိုင်းကားပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေတဲ့ညီက သူ့ဘက်ကိုလှည့်လာလေသည် ဖွေးနုနေတဲ့ညီ့မျက်နှာလေးနဲ့ညီပန်ထားတဲ့ပန်းနီနီလေးကအရမ်းကိုလိုက်ဖက်လွန်းတဲ့ရှုမငြီးဖွယ်အလှတရား

Mistakes!Where stories live. Discover now