Part 26 { kris }

1.6K 112 11
                                    

Hyung

Part 26 { kris }

** yeol part **

ကျနော်နိုးလာတော့ မျက်လုံးကိုဖြည်းဖြည်းလေး ဖွင့်လိုက်တယ် မျက်ခွံကလည်းလေးလိုက်တာ ခေါင်းအုံးကလည်း မာနေသလိုခံစားမိတယ်

ကျနော်နေရာကနေမရွေ့ပဲ ပတ်ပတ်လည်ကို လိုက်ကြည့်နေစဉ်

Kris : နိုးပြီဆို ထတော့

အသံလာရာဘက် ကိုမော့ကြည့်တော့ hyung ကျနော့်ကိုငုံ့ကြည့်နေတယ်

Yeol : ခေါင်းကိုက်တယ်

ကျနော်ပြောရင်း hyung ရင်ခွင်ထဲတိုးဝင်ပြီး လက်တစ်ဖက်က hyung ခါးကိုဖက်ထားလိုက်တယ်

Kris : ရေပတ်တိုက်ပေးထားတာတောင် မသက်သာသေးဘူးလား

Hyung ပြောရင်း ကျနော့် ကိုငုံ့ကြည့်ပြီး လက်တစ်ဖက်ဖြင့် ကျနော့်ပါး နဲ့ နဖူးကို စမ်းနေတယ်

ကျနော် hyung ကိုမော့ကြည့်ပြီး

Yeol : ဘယ်တုန်းကရေပတ်တိုက်ပေးတာလဲ

Kris : မင်းအိပ်ပျော်နေတဲ့အချိန် မနေ့က မင်းခဏခဏနိုးလာပြီး အိပ်မက်မက်နေတယ်လို့ပဲ ပြောနေတာ ဘာအိပ်မက်လည်း ငါမင်းနဲ့တစ်ညလုံးရှိနေတာ

အိပ်မက်မဟုတ်ဘူးပေါ့ ဒါတကယ်ပေါ့

Kris : ပြီးတော့မင်း ခဏခဏငိုနေတာ ပြန်အိပ်အောင် ချော့လိုက်ရတာ မောတောင်မောတယ်

Hyung ပြောရင်း ကျနော့် မျက်ကွင်းတစ်ဝိုက်က အသာလေးပွတ်နေတယ်

Yeol : တကယ်မဟုတ်မှာကြောက်တာလေ

Kris : ခုငါဒီမှာလေ

Yeol : ခဏနေ မင်းထွက်သွားတော့မှာ မင်းငါ့ကိုမှမချစ်တော့တာ

Hyung ကျနော့်ကို မချစ်တော့ဘူးလို့ပြောခဲ့တုန်းက ခုထိမှတ်မိနေသေးတယ် ခုထိလည်း နာကျင်နေတုန်းပဲ

Kris : .....

ကျနော်ထထိုင်ပြီး သူ့ကိုကျောပေးလိုက်တယ် ဆက်နေနေရင် ကျနော်ငိုမိတော့မှာ

ဘာလို့ငါအဲလောက်ထိပျော့ညံ့ရတာလဲ

Yeol : တောင်းပန်ပါတယ် မင်းကိုစိတ်ရှုပ်အောင်လုပ်မိလို့

Hyung Where stories live. Discover now