Hyung
Part 9 { နားမလည်နိုင်တဲ့သူ့အမူအရာ }
*** Kris part ***
ကျနော်အလုပ်တွေကိုစစ်ဆေးပြီးတော့ အပေါ်သို့ပြန်တက်လာပြီးအခန်းထဲဝင်လာပြီကိုသူမသိဘူး
Yeol : ဟုတ်ကဲ့ ကျနော် MOMO ကိုချစ်တယ်
သူဖုန်းပြောနေတာကြားလိုက်တော့ ကျနော့်နှလုံးသားနာကျင်သွားသလိုခံစားရတယ် သူရည်းစားရှိပြီလို့ကြားတုန်းက နာကျင်နေပြီထင်နေတာ ခုပိုပြီးနာကျင်နေတယ်
သူချစ်တယ်လို့ပြောတဲ့သူကကျနော်ဖြစ်ချင်လိုက်တာ
ကျနော် yeol ရဲ့နှလုံးသားကိုရနိုင်မှာလား ?သူဖုန်းချလိုက်တော့ ကျနော်တံခါးဖွင့်ပြီးပြန်ပိတ်လိုက်လာ
Kris : ဘာလို့ cake မစားတာလဲ
Yeol : ခုစားမလို့လေ
သူပြုံးရင်းနဲ့ဖြေပြီး cake ကိုစားနေလိုက်ကာ မျက်လုံးကတော့ကျနော့်ကိုကြည့်နေဆဲပါ
Kris : ဘာလို့အဲ့လောက်ကြည့်နေတာလဲ ငါ့မျက်နှာကမင်းအဖေနဲ့တူနေလို့လား
Yeol : ကျနော်အဖေအဲ့လိုမျက်နှာမျိုးဆိုရင်တော့ ကျနော်မမွေးလာတာပဲကောင်းမယ်
ကျနော်သူ့ကိုဘာမှပြန်မဖြေတော့ သူလဲ cake ကိုထိုင်စားနေတာ
ခဏကြာတော့ ....Yeol : hyung မင်းဘာဖြစ်နေတာလဲ
Kris : ဘာဖြစ်နေတယ် လို့ထင်တာလဲ
Yeol : ငါသိရင်ငါဘာလို့မေးမှာလဲ
Kris : ငါနဲ့ချမှာလား ငါမင်းကိုကြိုက်နေပေမယ့်ငါလုပ်နိုင်တယ်နော်
Yeol : မင်းမလုပ်ရက်ပါဘူး
Kris : ငါ့စိတ်ကိုသိနေတယ်ပေါ့
ကျနော်သူ့ကိုကြည့်ပြီးပြုံးကာ ခေါင်းခါလိုက်တယ်
သူ cake ပန်းကန်ကိုစားပွဲမှာချပြီးYeol : ရှိသေးလား
သူစားနေတဲ့ cake ကုန်နေပြီလေ
Kris : ရှိသေးတယ်အောက်ထပ်မှာ အဲ့လောက်အီတာကိုမင်းတအားကြိုက်တယ်ပေါ့
Yeol : စာလို့ကောင်းတယ် စားကြည့်
သူ့ဇွန်းမှာကပ်နေတဲ့ cake cream ကိုကျနော်အားလှမ်းပေးလိုက်တယ်
YOU ARE READING
Hyung
FanfictionKrisYeol Wu YiFan / Kris " တဖြည်းဖြည်းနဲ့ငါနင့်ကိုမခွဲနိုင်တော့ဘူး " Park ChanYeol / Yeol " ငါမှာချစ်သူရှိပြီ " " ဖယ်ငါ့ရည်းစားစီသွားရမှာ " Wu YiFan / Kris " ဘာသွားလုပ်မှာလဲ ... နင့်ယောက်ျားကဒီမှာလေ "