Part 20 { ကြေကွဲ 💔 Yeol }

1.4K 130 11
                                    

Hyung

Part 20 { ကြေကွဲ 💔 Yeol }

** Yeol part **

ကျနော် ဒူးဖက်ပြီး တံခါးကိုမှီကာ ငိုနေတော့တယ်
Hyung နဲ့ ရန်ဖြစ်ပြီးကတည်းက ခုထိနေရာတောင်မရွေ့သေးဘူး ကျနော့်မှာ အားအင်မရှိတော့ပါ

Hyung တော်တော်ကိုအထင်လွနေပြီ

အဲ့လိုလာတွေ့တော့ ဘယ်သူမဆို hyung လိုပဲထင်မှာပေါ့

ကျနော် MoMo နဲ့ တကယ်လာရှင်းတာပါ ကျနော်ပြောဖို့အရေးကို momo ကို ဟိုစားပါအုန်း ဒီဟာစားပါအုန်း နဲ့ တော်တော်နဲ့မပြောဖြစ်ဘူးလေ

ကျနော် ပြောလို့ရတော့ သူမကို လမ်းခွဲဖို့ပြောလိုက်တယ်
သူဘယ်လိုမှမခံစားရသလိုပါပဲ ဒါပေမယ့် သူ့မျက်နှာတစ်ချက်တည်သွားပြီး ကျနော့်ကိုပြန်ပြုံးပြကာ

ဘာဖြစ်လို့သူမကိုလမ်းခွဲချင်တာလဲလို့ မေးလာတယ် ကျနော်ကပဲ အသစ်တစ်ယောက်ကိုချစ်လို့ပါ ကျနော့်အမှားပါလို့ ပြန်ပြေလိုက်တယ် ကျနော်လည်းဘာမှဆက်မပြောနိုင်တော့ဘူး တောင်းပန်ပါတယ်ဆိုတဲ့တစ်ခွန်းကလွဲလို့ပေါ့

သူမ မုန့်တွေကို ရေခဲသေတ္တာထဲ ပြန်ထားမလို့ ကျနော်လုပ်မယ်ပြောပြီး ကျနော်ပဲသိမ်းလိုက်တယ်

ကျနော်ပြန်မယ်လုပ်နော် သူမကျနော် နောက်ဆုံးအနေနဲ့ ဖက်ပါရစေလို့ ပြောလာတော့ ကျနော်ခွင့်ပြုလိုက်တယ်

သူနဲ့ဖက်ပြီးကျနော်ထွက်သွားမယ်လုပ်တော့ သူမ ကျနော့် လည်ပင်းကိုတိုင်းဖက်ကာ ကျနော့်ကိုနမ်းလိုက်တော့ .....
ကျနော်ဝန်ခံပါတယ် ကျနော်ဘလည်းသူမကိုပြန်မိပါတယ်

သတိပြန်ဝင်လာတော့ ကျနော်သူမခါးကိုကိုင်ပြီး တွန်းထုတ်နေတယ် တွန်းထုတ်လို့ရတော့

ကျနော်ရှေ့တွင်ရပ်ကြည့်နေတဲ့ သူတစ်ယောက်ကြောင့် ကျနော်လန့်သွားတယ်

ကျနော် နှုတ်ကဒဏ်ရာက နှလုံးသားမှာနာကျင်တာက ပိုနေတယ်

သူ ကျနော့်ကိုဘာမှပြောခွင့်မပေးဘူး သူဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ကျနော်ပြောတာတော့ နားထောင်သင့်တယ်လေ

Hyung Where stories live. Discover now