part 12 { စိတ်ဆိုးပြေပြီလား }

2K 131 8
                                    

Hyung

Part 12 { စိတ်ဆိုးပြေပြီလား }

Yeolး ဘယ်​လိုလုပ်​​ပေးမှ စိတ်​ဆို​ပြေမှာလဲ

Krisး ဘာမှလုပ်​စရာမလိုဘူး ငါလက်​လွတ်​လိုက်​ပြီ မင်းနဲ့လဲမပတ်​သက်​​တော့ဘူး မင်းကိုမကြိုက်​​အောင်​ကြိုးစားလိုက်​မယ်

Yeolး ..........

ကျနော်တကယ်လုပ်နိုင်မယ်လို့ထင်လား ကျနော်အဲ့လိုပြောတာက သူဘယ်လိုဆက်လုပ်မှာလဲ လို့သိချင်လို့ပါ
ခုကျနော်သူ့ကိုကြိုက်ယုံပဲ မဟုတ်တော့ဘူး ကျနော်သူ့ကိုချစ်မိနေပြီ

ကျနော့်အတွက်ကအချစ်ဆိုတာ အချိန်အနည်းငယ်အတွင်းဖြစ်ပေါ်နိုင်ပါတယ် မျက်လုံးချင်းဆုံလိုက်တာနဲ့ ဖြစ်ပေါ်နိုင်တဲ့အချစ်မျိုးပါ

Yeol : ငါမသွားဘူး

Yeol ခေါင်းငုံ့ကာ တိုးတိုးလေးရည်ရွတ်လိုက်တယ် ကျနော် ပြုံးပြီးသူ့ကိုကြည့်နေလိုက်တယ် သူခေါင်းမော့လာတော့ ကျနော် အပြုံးတွေကိုရပ်တန့်လိုက်ကာ မျက်နှာတည်နိုင်တစ်လောက်တည်ထားလိုက်တယ်

Kris : မင်းပျော်ရမှာလေ ငါမင်းကိုမလိုက်တော့ရင် မင်းချစ်သူကိုပိုပြီးအချိန်ပေးလို့ရတာပေါ့

Yeol : အဲ့လိုမလုပ်ဘူး

သူကျနော့်နားသို့ပိုတိုးလာပြီး ကျနော်အင်္ကျီဆကို ကိုင်ထားလိုက်တယ်

Kris : ......

ကျနော့်မျက်နှာကို စိတ်ရှုပ်နေတဲ့ပုံစံနဲ့ သူ့ကိုကြည့်နေတယ် စိတ်ထဲမှာတော့ သူ့ကို ရင်ခွင်ထဲကိုဆွဲဖက်လိုက်ချင်တယ် သူ့ပုံစံလေးက အရမ်းနဲ့ ချစ်စရာကောင်း နေတာလေ

Kris : မင်းထွက်သွားလိုက်ပါတော့ ငါမင်းနဲ့စကားပြောဖို့အချိန်မရှိတော့ဘူး

ကျနော် ထွက်သွားမယ်လုပ်တော့ သူကျနော်ကိုဖက်ထားလိုက်ပြီး ကျနော်တို့အရပ်က သိပ်မကွာတော့ သူ့ခေါင်းကိုကျနော်ပုခုံးပေါ်တင်ထားလိုက်တယ် ကျနော်သူ့ကိုပြန်မဖက်မိအောင် မနဲစိတ်ထိန်းနေရတယ်

Kris : ငါ့ကိုလွတ်

Yeol : မလွတ်ဘူး

Kris : Chanyeol

Hyung Where stories live. Discover now