ပြောချင်သည့်စကားများကို ပြန်မြိုချရင်း ကျွန်တော့်အား ပြာကျမတတ် မီးမျက်လုံးများဖြင့် ကြည့်နေသော အကြည့်နှစ်စုံကို လစ်လျူ ရှုရင်း...

သူများတကာကို ပြဿ နာရှာသည့်နေရာမှာ ထိပ်သီးတွေဖြစ်သော Kim ညီအစ်ကိုကို ပြန်လည်ချောက်ချလိုက်နိုင်သည့်အတွက် ကိုယ့်ကိုကိုယ် စွန်းဂုဏ်ယူလျက်။

💫💫💫

သင်တန်းက လွှတ်သည့်အချိန်သည် ကျောင်းလွှတ်ချိန်နှင့် သိပ်မဝေးတော့သည်မို့ ChanYeol အား သွားကြိုရန် တွေးမိသည်။

မနက်အိပ်ရာနိုးကာစအထိ ထိုကောင်လေးအား အမြင်မကြည်ခဲ့သော်လည်း မနက်စာပြင်ပေးခဲ့သည့် မျက်နှာလေးကြောင့် နည်းနည်းအကောင်းမြင်လာသည်မို့...

သွားကြိုရန် ပြင်လိုက်သော်လည်း ဘယ်ကိုခြေဦးလှည့်ရမယ်မှန်းမသိ။
ကျွန်တော်မှ သူ ဘယ်ကျောင်းတက်နေမှန်းမသိပဲ။

လွယ်အိတ်ထဲမှ ဖုန်းလေးကို ထုတ်လိုက်ကာ အစ်မ SaeJin ဆီ ဆက်လိုက်သည်။

"ဟယ်လို..."

အစ်မ၏ အသံက ချိုလွင်နေမြဲ...။

"ဟယ်လို အစ်မ! ChanYeol က ဘယ်ကျောင်းမှာ တက်နေတာလဲ??"

"ယန်းချွန်း(양청)မှာ BaekHyunee ရဲ့။ ဘာဖြစ်လို့လဲ??"

"အာ.. ကျွန်တော် သူ့ကို ကျောင်းသွားကြိုပေးမလို့ပါ"

အစ်မက အလုပ်များနေပုံပေါ်သည်။
ထို့ကြောင့် စကားအနည်းငယ်မျှသာ ပြောပြီး ဖုန်းချလိုက်၏။

ယန်းချွန်းအလယ်တန်းကျောင်းသည် ကျွန်တော်တို့သင်တန်းနှင့် သိပ်မဝေးလှသဖြင့် အဆင်ပြေသည်။
သို့သော်လည်း ကျွန်တော်တို့အိမ်ကနေဆိုလျှင် နှစ်မှတ်တိုင်လောက် ဝေး၏။

သည်ကောင်လေး.. ကိုယ့်ဖာသာကိုယ် ဘတ်စကားနှင့် သွားတတ်ပြီလား။
အရင်က ဘယ်မှာနေခဲ့လဲမသိ...။
သူ ဒီလိုပဲ ဘတ်စကားနဲ့ ဟိိုဟိုဒီဒီသွားလာတတ်သလား။

နောက်မှ သူနှင့် စကားနည်းနည်းပါးပါး ပြောကာ အကြောင်းလေးဘာလေး သိအောင် လုပ်ရမည်။

ကျွန်တော့်က ယန်းချွန်းမှာ ကျောင်းတက်ခဲ့တာမဟုတ်။
ရှင်းဒုံ(신동)အလယ်တန်းကျောင်းမှာ တက်ခဲ့ခြင်းဖြစ်၏။
အဖေက ကျောင်းကို ကားနှင့် နေ့တိုင်းလိုက်ပို့ပေးခဲ့သည်.. ဆယ့်ငါးနှစ်မတိုင်ခင်အထိ။

ကျွန်တော့်မွေးနေ့ပြီး နောက်နေ့မှာတင် မိဘနှစ်ပါးလုံး ကွယ်လွန်ခဲ့လေသည်။
ကျွန်တော့်အတွက် ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသလိုပင်...

ဆွေမျိုးများဟာလည်း ဘယ်နေမှန်းမသိ။
လောကအလယ် ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်သည်။

ခက်ခဲပင်ပန်းခဲ့သည့် အချိန်ကာလများကို ပြန်တွေးတောမိသောအခါ ချက်ချင်းဆိုသလို ရင်ထဲလေးလံလာသည်။
ထို့ကြောင့်ပင် ခေါင်းကို ခပ်ဆတ်ဆတ်လေး ခါရမ်းပစ်ကာ အတွေးများကို မောင်းထုတ်တော့ ဖြတ်သွားဖြတ်လာများက လှည့်တကြည့်ကြည့် လုပ်ကြ၏။

လမ်းတစ်ခုထဲ ချိုးဝင်လာကာ ထိုလမ်းထဲရှိ ညာဘက်လမ်းကြားဆီ သွားဖို့ပြင်လိုက်သော်လည်း ခပ်လှမ်းလှမ်းဆီက ရုန်းရင်းဆန်ခတ်အသံအချို့ ကြားမိလေသည်။

ထို့ကြောင့် သိချင်စိတ်ဖြင့် အသံကြားရာ လမ်းကြားဆီ အသံမထွက်အောင် ခြေဖွနင်းကာ လျှောက်သွားမိတော့ တွေ့လိုက်ရသည်က....

🌟MY SPECIAL MAN🌟

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now