"ဒါနဲ့ အရင်အပတ်က ပေးလိုက်တဲ့ အိမ်စာ ပြီးသွားပြီလား"

"ဟမ်! ဘာအိမ်စာလဲ??"

JongDae ၏ စကားအပေါ် ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်နိုင်ခဲ့ပေမယ့် JongIn ကမူ မတည်ငြိမ်နိုင်။

အရင်အပတ်က သင်တန်းချိန်နှစ်ချိန်လုံး မတက်ခဲ့သော ကျွန်တော်က အိမ်စာပြီးနေခဲ့ပြီး JongIn ကမူ မပြီးချေ။

"အိုး! ဆိုး စတူးပစ် ကင်ဂျုံအင်! ယူ စတားဒီး ဆိုးဟိုက် ဖော်ဝှက်.. အိုင် ဒစ်ဒင့် ခမ်စ လက်စ်တ် ဝိ အန် စတေး ဖစ်နစ်ရှ်။ ယူ စတူးပစ် နိုးယူ့စ်"

JongIn မှာ ကျွန်တော် လှောင်ပြောင်သည့် စကားကို မတုံ့ပြန်နိုင်။ JongDae စာအုပ်ကို ဆွဲယူကာ အမြန်ကူးရေးနေ၏။
သင်တန်းက ဆရာသည် စည်းကမ်းကြီးသဖြင့် အိမ်စာမပြီးသူတွေကို ပြစ်ဒဏ်ပေးလေ့ရှိသူမို့ပင်။

"သြော်.. ဒါနဲ့ ပြောရဦးမယ်"

JongDae သည် အကြောင်းမဲ့ JongIn စာရေးနေသည်ကို လိုက်ကြည့်နေရာက ကျွန်တော် စကားပြောလိုက်သောအခါ ကျွန်တော့်ကို လှည့်ကြည့်လာသည်။
JongIn ကတော့ လှည့်မလာ.. ကူးမြဲကူးဆဲ။

"လွန်ခဲ့တဲ့နှစ်ပတ်က ဆရာပြောထားတာလေ.. ဒီလကုန်ထဲမှာ အက်ဆေးပြိုင်ပွဲရှိတယ်ဆိုတာ"

"အေး.."

"အဲ့ဒါ ငါ မင်းတို့နှစ်ယောက် နာမည်ပေးလိုက်တယ်။ စာကြည့်ထားဦးနော်"

"ဘာ!!!"

"ဟျောင့်!!!!"

ကျွန်တော့်စကားကြားပြီးပြီးချင်း JongDae မျက်လုံးများပြူ းထွက်လာကာ သူ့အသံပြဲနှင့် ကုန်းအော်လေ၏။
JongIn လည်း အသည်းအသန် ကူးရေးနေရာက ချက်ချင်းရပ်သွားကာ ကျွန်တော့်ကို ဆတ်ခနဲလှည့်ကြည့်သည်။

ရှိသမျှ သွားဖြူ ဖြူ ဖွေးဖွေးများ အကုန်ပေါ်လာအောင် ပြုံးပြလိုက်ပါ၏။

"ခုချိန်လောက်ဆို ဆရာကလည်း ပြိုင်ပွဲမှာ စာရင်းထည့်ထားလောက်ပြီ။ ပြန်ဖျက်လို့ မရလောက်ဘူး.. သူငယ်ချင်းတို့ ဖိုက်တင်းနော်"

ကျွန်တော် ကံကောင်းလိုက်ပုံက..
JongDae ရော JongIn ပါ ကျွန်တော့်ကို အသားကုန်ဆဲဖို့ ပါးစပ်ဟနေစဉ်မှာပင် အင်္ဂလိပ်စာဆရာက အခန်းထဲ ဝင်လာလေသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now