"အေ့လေ.. စိုးစတူးပစ်! ဝှိုင်း အစ် ဟီ တော့ကင်း လိုက် ဒက်"
ဒီတစ်ခေါက် ထပြောသူက Kim JongDae ။ JongIn က သူ့အပြောကို ထောက်ခံပေးနေသည်။
ဒီ Kim ညီအစ်ကိုနှစ်ကောင်ကတော့...။
ညီအစ်ကိုဆိုလို့ သူတို့နှစ်ယောက်က တကယ့်ညီအစ်ကိုတော့ မဟုတ်။
ရုပ်ရည်ရော အရပ်အမောင်းရော ဘာဆိုဘာမှမဆိုင်သော်ငြား သောက်ကျင့်က တစ်ပုံစံတည်းပင် ဖြစ်တာမို့။
"ဖုန်းတွေ ချထားစမ်းပါကွာ.. ဆရာမလာခင်လေး ငါ စကားပြောချင်လို့ဟာကို"
"အေးပါလေ.. စကားမများရရင် သေသွားမယ့် အကောင်ဆိုတော့လည်း သဘောထားကြီးပေးလိုက်ပါမယ်"
ပါးစပ်က အဆဲစကားတစ်လုံးလောက် လွှတ်ခနဲထွက်မလို ဖြစ်သွားသော်လည်း ကျွန်တော် အလျင်အမြန် ထိန်းနိုင်လိုက်သည်။
တကယ်လည်း သူတို့နဲ့ စကားအရမ်းများချင်နေတာမို့ ကျွန်တော်ပြောသမျှ နားထောင်ပေးဖို့ လိုအပ်သည်မဟုတ်လား။
"ငါ့ရဲ့ငါးဝမ်းကွဲအစ်မက သူ့သားကို နှစ်လလောက် ငါ့ဆီအပ်ခဲ့တာ။ ကောင်လေးနာမည်က Park ChanYeol တဲ့"
"အေး.. အဲ့တော့ ဘာဆက်ဖြစ်လဲ?"
ဘာဆက်ဖြစ်လဲ မေးတော့ ကျွန်တော်လည်း မနေ့ည ChanYeol ရောက်လာသည့် အချိန်ကစလို့ ဒီနေ့မနက်က ဖြစ်ခဲ့သမျှကို အကုန်ပြောပြဖြစ်သည်။
ကျွန်တော့်မျက်နှာပေါ် ရေနှင့် ထွေးထုတ်ကာ အိပ်ရာက နှိုးသွားသည့်အကြောင်း ရောက်တော့ သကောင့်သားနှစ်ကောင် ရယ်လိုက်ကြတာ ဆိုတာ...။
"တော်လိုက်တဲ့ ကောင်လေး! တွေ့ချင်လိုက်တာကွာ"
Park ChanYeol အကြောင်း စီကာပတ်ကုံး ပြောပြီးသည်နှင့် JongDae က ဆိုလာသည်။
ကျွန်တော် တုံ့ပြန်စကား မဆိုဖြစ်..။
မျက်စောင်းတစ်ချက်သာ ပစ်ကျွေးပစ်လိုက်သည်။
"မိန်းမကြီးကျနေတာပဲ မျက်စောင်းထိုးလိုက်တာ"
"ဘာပြောတယ် ဟျောင့်! ယောက်ျားလေးဖြစ်တာနဲ့ပဲ မျက်စောင်းမထိုးရတော့ဘူးလား။ စောင်ကျိုးနည်းလော့ဂျစ်ပဲ"
"မကိုက်ကြနဲ့ကွာ.. ပက်ဖို့ ရေမရှိဘူး"
ကြားထဲကနေ ဝင်ပြီး လူကို ခွေးဖြစ်အောင် ပြောသော Kim JongIn အား ကျွန်တော်ရော JongDae ပါ အဆဲစကားလုံးများဖြင့် ဝိုင်းဝန်းထောပနာပြုပေးလိုက်သည်။
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 2 장✨
Start from the beginning
