အသားဖတ်လေးတစ်ဖက်ကို ကောက်ကိုင်ကာ ပါးစပ်ထဲထည့်လိုက်ပြီး တမြုံ့မြုံ့ဝါးနေစဉ် ရုတ်တရက်တွေးမိသော အတွေးတစ်ခုကြောင့် ဝါးနေရာက ရပ်လိုက်မိ၏။

တကယ်ဆို အသက်ပိုကြီးတဲ့ ကျွန်တော်က သူ့အတွက် မနက်စာပြင်ပေးသင့်တာ မဟုတ်ဘူးလား။
တစ်ယောက်တည်းနေတုန်းက ဖြစ်သလိုစားနေခဲ့ပေမယ့်လည်း ခု သူရောက်လာပြီဆိုတော့ ပြင်ဆင်ပေးခဲ့သင့်သည်.. ကြည့်မရရင်တောင်မှပေါ့။

ခုတော့ အသက်ဆယ့်တစ်နှစ်အရွယ်ကောင်လေးက မနက်အစောကြီးထ၊ စျေးသွားကာ မနက်စာပြင်ပေးခဲ့သည်မဟုတ်လား။
နည်းနည်းတော့ အပြစ်ရှိသလို ခံစားလိုက်ရသည်။

မိဘများဆုံးပါးသွားပြီးနောက်ပိုင်း ဒီလိုမျိုး တစ်စုံတစ်ယောက်က မိမိအတွက် ထမင်းပြင်ပေးသည်မှာ ChanYeol ပထမဆုံးပင်။

ကောင်လေးက နည်းနည်းအကြောတင်းပေမယ့် အတွင်းစိတ်လေးကတော့ ကောင်းပုံရ၏။

နောက်နေ့ကျ သူ့ကို ထမင်းပြန်ပြင်ဆင်ပေးမည်ဟု တွေးရင်း မနက်စာထမင်းကို စားပစ်လိုက်မိသည်မှာ အားရပါးရ...။

💫💫💫

"ဟေ့ ရို့!"

အင်္ဂလိပ်စာသင်တန်း၌ ကျွန်တော့်ထက်အရင် ရောက်နှင့်နေပြီဖြစ်သော မကောင်းမကန်း သူငယ်ချင်း အကောင် နှစ်ကောင်ကို နှုတ်ဆက်ကာ ဘေးနား၌ ဝင်ထိုင်လိုက်သည်။
နှုတ်သာ နှုတ်ဆက်ပေမယ့် တစ်ကောင်မှ ကျွန်တော့်ကို စောက်ဖက်မလုပ်။

"မင်းတို့ကလည်းကွာ.. နှစ်ပတ်ကြီးများတောင် မတွေ့ရတဲ့ ကိုယ့်သူငယ်ချင်းလေးကို နှုတ်တောင်မဆက်ကြဘူး"

"ကိုယ့်ဖာသာကိုယ် စောက်ပျင်းကြီးပြီး သင်တန်းလစ်တဲ့ကောင်ကို ဘာကိစ္စအဖက်လုပ်ရမှာလဲ"

ဖုန်းကို အပွတ်မပျက်ပဲ ပြန်ဖြေလာသည်က Kim JongIn။
သူ့ဘေးက Kim JongDae ကတော့ ဂိမ်းသာဆော့နေကာ ကျွန်တော့်အား သောက်ဖက်မလုပ်။

"ဒါနဲ့ ခု ငါ့အိမ်မှာ ကောင်လေးတစ်ယောက် ရောက်နေတယ်.."

"မေးလည်း မမေးပဲနဲ့ မပြောပြပါနဲ့လား။ အရူးကျနေတာပဲ"

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now