ိပြန်အိပ်ဖို့ ကြိုးစားကြည့်သော်ငြား တစ်ခါ နိုးလာပြီး မျက်လုံးကျယ်သွားလျှင် ပြန်အိပ်လို့ မရသည့်အကျင့်ကြောင့် အိပ်မရ။
စိတ်ညစ်ညစ်နှင့် အိပ်ယာပေါ် လူးလိမ့်နေလိုက်သည်။

"ဂါးးးး Park ChanYeol!!!!"

မထူးတော့ပြီမို့ အိပ်ရာပေါ်ကနေ ထလာကာ မျက်နှာသစ်သွားတိုက်ရန် ရေချိုးခန်းထဲ ဝင်ခဲ့လိုက်တော့သည်။

ယခင်က သုတ်သီးသုတ်ပျာ သုံးမိနစ်လောက်ဖြင့် အပြီးသတ်လုပ်ဆောင်သော မျက်နှာသစ်အမှုကို ယခုမူ ပျင်းရိပျင်းတွဲဖြင့် ဆယ့်ငါးမိနစ်ခန့်မျှ ကြာအောင် လုပ်ပြီး ပြန်ထွက်လာလိုက်၏။

အိပ်ခန်းအပြင်ဘက် ထွက်လာစဉ် အကြည့်တို့က ထမင်းစားပွဲပေါ် ရောက်မိသောအခါ၌ အံ့သြမှုကြောင့် မျက်လုံးတို့ အတန်ငယ် ပြူ းကျယ်သွားခဲ့သည်။

ပုံမှန်ဆို ထမင်းပန်းကန်၊ ဟင်းပန်းကန်တို့ ရှိနေဖို့ ခဲယဉ်းသည့် ထမင်းစားပွဲလေးပေါ်မှာ အခု ထမင်း၊ဟင်းတို့ဖြင့် ဆင်ယင်ထားလို့...။

အနားသို့လျှောက်သွားပြီး ပန်းကန်များထဲ ဘာရှမိမလဲ ကြည့်လိုက်သောအခါတွင် ထမင်း၊ အသားကြော်၊ ဟင်းချိုနှင့် ကင်မ်ချီတို့ကို ပန်းကန်လုံးလေးများနှင့် ထည့်ကာ ပြင်ဆင်ထား၏။

ဒါတွေကို ChanYeol ပြင်ဆင်သွားခဲ့တာလား။
သိပ်မယုံချင်သော်လည်း အိမ်မှာ နေထိုင်သူက မိမိအပြင် သူသာလျှင် ရှိသည်မို့...။

ရေခဲသေတ္တာထဲ ကြည့်လိုက်သောအခါ၌လည်း အရင်လို ပြောင်ရှင်းမနေ။
ဟင်းသီးဟင်းရွက်အချို့၊ အသားငါးအချို့နှင့် အအေးဘူးတို့ နေရာယူထားသည်။

စိတ်ထဲ ChanYeol ကို အမြင်မကြည်မှုတို့ အတန်ငယ် လွင့်ပျောက်သွားခဲ့၏...။

ဒီလိုကျတော့လည်း ကောင်လေးက သိတတ်သား။

ဘာရယ်မဟုတ် ပြုံးရယ်လိုက်မိကာ ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်သည်။
တူလေးကို ကောက်ကိုင်လိုက်ကာ တူထိပ်နှစ်ခုကို ကပ်လိုက်ခွာလိုက်နှင့် တစ်ချပ်ချပ် ဆော့ကစားမိသေး၏။
စိတ်အခြေအနေက ခုနကနှင့် လုံးဝကွာခြားသွားပြီဖြစ်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now