"Park ChanYeol!!!!!!!!!!!!!"

ထိုမေတ္တာတုံးလေးအား တစ်ခုခု ထမလုပ်မိအောင် ရှိသမျှအသံစွမ်းအင်အကုန်ထုတ်သုံးကာ အော်ပစ်လိုက်သည်။

အဲ့ဒီ Park ChanYeol ဆိုတဲ့ဟာလေးက လူကို ဒေါသထွက်ရလွန်းလို့ သွေးတက်ပြီး သေအောင်လုပ်မယ့် အကောင်လေး။

ရှည်လျားလှသော သက်ပြင်းတစ်ချက်ကို ဟူးခနဲမှုတ်ထုတ်လိုက်ပြီး ထိုကောင်လေးနှင့် နှစ်လလောက် အတူနေရမည့် အရေးကို ဝမ်းနည်းစွာပင် တွေးလိုက်မိသေးသည်။

"ကျွန်တော် ကျောင်းသွားတော့မလို့.."

လက်ထဲက ရေသန့်ဘူးကို အနားက စားပွဲပေါ် လှမ်းတင်လိုက်ရင်း မထုံတတ်တေး မျက်နှာပေးဖြင့် ပြောလာ၏။

"ဘာလဲ.. မင်းကို လိုက်ပို့ပေးရမှာလား? အဲ့ဒါကြောင့် ငါ့ကို နှိုးတာလား"

"မဟုတ်ဘူး.. ကျောင်းက ကိုယ့်ဖာသာကိုယ် သွားတတ်တယ်။ ဒီအတိုင်း နှိုးချင်လို့ နှိုးတာ"

ဟာ!!!

စိတ်လည်းမတိုနိုင်တော့...
ဒေါသက အထွဋ်အထိပ်ရောက်ပြီးလို့ လွန်တောင်သွားပြီလားမသိ။
စိတ်မတိုနိုင်ပဲ အော်သာငိုပစ်ချင်လာသည်။

ကျွန်တော့်ကို သောက်မြင်ကပ်လို့များ ဒီလိုတွေလုပ်နေသလားမသိ...။
သောက်မြင်ကပ်ရအောင် ကျွန်တော် သူ့ကိုဘာမှလုပ်ခဲ့တာမဟုတ်ပဲ။

ခုတော့ တစ်ပတ်မှာ တစ်ရက်လောက် အိပ်ရေးဝဝအိပ်ရမည်ကို သူ နှိုးချင်လို့ နှိုးလိုက်တာတဲ့လေ။
တကယ် အော်ငိုပစ်ချင်စိတ်ကို အတင်းထိန်းချုပ်ထားရသည်။

"ChanYeol ah..."

ကျေးဇူးပြုပြီး မျက်စိရှေ့က မြန်မြန်ထွက်သွားပေးပါဟု ပြောချင်သော်လည်း အရေးထဲ မျက်နှာက ငိုမဲ့မဲ့ဖြစ်နေကာ အသံက ငိုချင်နေသဖြင့် တုန်လို့နေသေးသည်။

"ကျွန်တော် သွားတော့မယ်ဗျာ။ ခင်ဗျားလည်း ထပြီး မျက်နှာသစ်တော့"

ပြောချင်ရာ ပြောပြီးသည်နှင့် ချာခနဲလှည့်ကာ ထွက်သွားတော့၏။
အတော်ပါပဲ...။
မျက်စိရှေ့က မြန်မြန်ပျောက်လေအေးလေပါ။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now