ကကြိုးရုပ် -26(final)

Start from the beginning
                                    

"ခင်ဗျားတို့ဘယ်အချိန်ကတည်းကချစ်သူတွေဖြစ်နေခဲ့ကြတာလဲ ဆိုတာသိခွင့်ရှိမလား Park Baekhyun shi..."

"ကြာပါပြီ...media ကိုထုတ်မပြောခဲ့တာပဲရှိတာပါ"

"Park Chanyeol ကိုတကယ်ချစ်တာလား park Baekhyun shi..."

သတင်းထောက်တစ်ယောက်ရဲ့မေးခွန်းကြောင့် ကောင်လေးသူ့ကိုမျက်ဝန်းဝိုင်းဝိုင်းလေးတွေဖြင့် မော့ကြည့်လာသည်မို့ Baekhyun တောက်ပစွာပြုံးပြလိုက်သည်

"ကျွန်တော် Chan ကိုအသက်ထက်ပိုချစ်တယ်"

*****************************

"အ့ အာ့ မလုပ်နဲ့ဆို Hyung!"

သူ့ကိုဂရုမစိုက်ပဲ စာကိုသာသည်းကြီးမည်းကြီးလုပ်နေသော Chan ကို Baekhyun အနောက်ကသိုင်းဖက်ကာ မျိုးစုံပြသာနာရှာနေသည်...

Chan လည်ပင်းလေးကို ခပ်ဖွဖွစုပ်ယူလိုက်...လက်တွေကလဲအငြိမ်မနေ Chan အင်္ကျီအောက်မှ လျိုသွင်းကာ ကျောပြင်နဲ့ရင်ဘတ်တစ်လျှောက်ပွတ်သတ်ကာနေသည်

"အ့ Hyung...စာကောင်းကောင်းလုပ်ပါရစေဗျာ"

"လုပ်ပါလား?ဘယ်သူကဘာပြောနေလို့လဲ?"

"ဒါပေမဲ့ Hyung က..."

"ကိုယ်ကဘာဖြစ်လဲ?"

Baekhyun သိသိကြီးနဲ့မေးနေတာမို့ ကောင်လေးဘာမှမပြောတော့ပဲ အောက်နှုတ်ခမ်းလေးကိုသာဖိကိုက်ထားသည်

"Hyung အကျင့်ပုတ်"

Chan တိုးတိုးလေးပြောလိုက်သည်ကို Baekhyun လှစ်ခနဲကြားလိုက်ရသည်...စိတ်ထဲကကျိန်ဆဲပါတယ်ဆို ကြားဖြစ်အောင်ကြားလိုက်သေးတာ

"ဘာ?Hyung ကဘာဖြစ်တယ်"

"အန်?ဘာ...ဘာမှမဟုတ်ဘူး"

"ဟုတ်လို့လား?"

"ဟု..ဟုတ်"

"Hyung ကချောတယ်ဆိုလား..."

"Hyung အကျင့်ပုတ်လို့ပြောတာပါ!"

Baekhyun ကောင်လေးကိုအငိုက်ဖမ်းတာမိသွားတာကြောင့် ပါးပြင်လေးရဲတွတ်ကာ ခေါင်းလေးငုံ့သွားသည်

သွားပြီ သွားပြီ Park Chanyeol လျှာကရှည်တာ အဲ့လောက်အမှန်တရားဘက်လိုက်နေလို့ ဟိုကသူ့ကိုချောတယ်မပြောပဲ အကျင့်ပုတ်ပြောလို့ ကျေးဇူးတင်မှာကျ...

ကကြိုးရုပ် Where stories live. Discover now