Zawgyi>>>
အပေါ်ထပ်လှေကားဘေးအခန်းထဲဝင်လာပြီးနောက် အခန်းတံခါးကိုလော့ချကာ Hyung ကရေချိုးခန်းထဲဝင်သွားသည် chan လဲဘာလုပ်ရမလဲမသိတာကြောင့် မတ်တပ်လေးရပ်ရင်း Hyung ထွက်လာတဲ့အထိပဲစောင့်နေလိုက်မိတယ်
ခဏနေတော့ချစ်ရတဲ့ hyung ထွက်လာသည်က...အဝတ်အစားကိုပြီးအောင်မဝတ်ဘဲ ကြယ်သီးတွေကိုမတပ်ပဲထားတာမို့ ဟနေတဲ့ hyung ဗိုက်က Six packs ကြီးအထင်းသား...
အိစ်...ကြောက်တောင်ကြောက်လာပြီ
"Chan ဒီကိုလာ"
"ဗျာ?ဟုတ်"
Chan အနားရောက်သွားတော့ Hyung ရှေ့တည့်တည့်တွင်ရပ်လိုက်သည် Hyung ကစိုက်ကြည့်နေတာကြောင့် ရှက်ပြီးခေါင်းအတင်းငုံ့ထားမိသည်က...
"ကြယ်သီးတပ်ပေး"
"ဟု..ဟုတ်"
ပွင့်ဟနေတဲ့ Hyung ရင်ဘတ်ကိုမကြည့်ရဲတာကြောင့် Chan မျက်နှာလွှဲကာသာတပ်ပေးနေ၍ ကြယ်သီးတွေလွဲကုန်လေသည်...
မှားတပ်နေမှန်းသိရဲ့သားနဲ့ သေချာစိုက်ကြည့်နေတဲ့ Hyung ကြောင့် အဆုံးထိတပ်ပြီးသွားမှ Chan သိရလေသည်...
"အွန် လွဲသွားပြီ"
"ဘာလို့ကြည့်ပြီးမတပ်တာလဲ?"
"ဟို...အစကပြန်တပ်လိုက်မယ်နော်"
Chan စကားလမ်းကြောင်းလွှဲကာ ကြယ်သီးတွေကိုပြန်ဖြုတ်နေရသည်...သိရဲ့သားနဲ့သက်သက်မေးနေတာ Hyung နေရခက်အောင်တအားလုပ်တာပဲ...
"ဘာလို့လဲ?ကြည့်လိုရပါတယ်"
"ရ..ရတယ် မကြည့်ဘူး"
"ထပ်လွဲရင်ဘယ်လိုလုပ်မလဲ?"
"မ..မလွဲအောင် တပ်ပါ့မယ်"
"ကြည့်တပ်တာပိုကောင်းပါတယ်"
ခပ်တည်တည်ပြောနေတဲ့ Hyung ကိုကြောက်တာကြောင့် Chan လက်တွေပင်တုန်လာကာ အယောင်ယောင်အမှားမှားဖြစ်ကုန်ရသည်...
ပါးပြင်လေးတွေလဲရဲတွတ်နေကာ ခေါင်းစွတ်ငုံ့ထားတဲ့ Chan က Baekhyun
အတွက်တော့တစ်မျိုးချစ်စရာကောင်းနေပြန်ရော...နီရဲရဲနှုတ်ခမ်းပါးလေးအား စိတ်မထိန်းနိုင်တော့သည်မို့ ခါးလေးမှဆွဲဖက်ကာသိမ်းယူပစ်လိုက်သည်...
YOU ARE READING
ကကြိုးရုပ်
Fanfictionသူ့အတွက်ဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် သူ့အတှကျဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် (warning:Chanyeol uke only!!) Baekyeol R-M Boy × Boy Sorry for bad writings 90°bow #Yoohyunee