ကကြိုးရုပ် -16

12.4K 551 42
                                    

Zawgyi>>>

"အာ...တောင်းပန်ပါတယ် hyung ကျွန်တော်မမေးသင့်တာ"

Hyung ဘာမှပြန်မပြောသည်မို့...Chan စိတ်မကောင်းဖြစ်သွားရတယ် Hyung က သူ့အမေ ကိုသိပ်ချစ်တာ သူ့အမေ နဲ့ပက်သက်ရင်ဘယ်သူထိတာမှမခံဘူး

Appa က Chan ရဲ့အမေ ကိုလက်ထပ်တဲ့နေကဆို ဝုန်းဒိုင်းကြဲသောင်းကျန်ခဲ့တာ အမေ ဆုံးတာတစ်လမပြည့်သေးဘူး လက်ထပ်ရမည်လားဟူ၍...

Appa ကသူ့ကိုဖြောင်းဖြပေမဲ့မရ...
နောက်ဆုံးတော့လည်း Hyung ဒေါသတွေဖြေဖျောက်ရာဟာ Chan ကို နာကျင်မှုတွေပေးဖို့သာဖြစ်လာခဲ့တာပေါ့...

Chan ကလည်းနာကျင်ရမှန်းမသိလောက်အောင် အချစ်တွေကြား နစ်မြှပ်နေခဲ့သည်လေ...

"မနက်က...Xiumin နဲ့ဘာလို့စကားပြောနေတာလဲ?"

Hyung မျက်နှာသည်အနည်းငယ်ခက်ထန်သွားသည်....Chan စိတ်ထဲတွင်တော့ သူတို့နှစ်ယောက်စကားပြောနေတာကိုတွေ့သည်ကြောင့် Hyung မနေ့ကပိုဒေါသထွက်သွားတာလားဟူ၍...

"ကိုယ်မေးနေတယ်လေ"

"Xiu..xiumin hyung ကသူ့ချစ်သူနဲ့မိတ်ဆက်ပေးတာပါ"

"သူ့မှာချစ်သူရှိနေပြီလား?"

"ဟု...ဟုတ်"

Baekhyun မျက်နှာအလိုမကျမှုများရှိနေသေးသည်မို့ Chan ကိုယ်လေးကျုံ့နေသည် Hyung ကိုသူသေမတတ်ကြောက်ရသည်မဟုတ်လား??

"နောက်တစ်ခါသူနဲ့ထပ်ပက်သက်မယ်ဆို ကိုယ့်အဆိုးမဆိုနဲ့ Chan"

Baekhyun မျက်ဝန်းတွင်ဝမ်းနည်းမှုရော ဒေါသရိပ်တွေပါ ပါဝင်လို့နေသည်... Chan ကသူ့အပိုင်ဖြစ်နေပြီပဲ...ဘာလို့ Xiumin hyung နဲ့မတည့်သေးတာလဲနားမလည်တော့...

"ဘာဖြစ်လို့လဲ Hyung?"

Chan ရဲ့ဘဝမှာ Hyung အားပထမဆုံးအကြိမ်အထွန့်တက်မိခြင်း... Xiumin hyung ကိုမပက်သက်ရလို့သူ့အတွက်ဘာမှမဖြစ်ပါ...

သို့သော်...အကြောင်းအရင်းရေရေရာရာမျှမရှိဘဲ မပက်သက်ရန်ပြောရအောင်လည်း Xiumin hyung ကဘာဖြစ်နေလို့လဲ?မဟုတ်...Hyung သူ့ကိုမယုံတာလား ဆိုတဲ့အသိတစ်ခုတည်းပါ...

သူ့စကားကြောင့် Hyung မျက်ခုံးနှစ်ဖက်တွန့်ချိုးကာသွားသည်...

ကကြိုးရုပ် Where stories live. Discover now