"ကို ဘာလို့ မနေ့က ဖုန်းမဆက်တာလဲ? ချစ်ဆက်တော့လည်း မကိုင်ဘူး"
သူမ၏ စူပွပွရေရွတ်ပုံလေးက အသည်းယားစဖွယ်...။
စိတ်ကောက်ချင်နေသော သူမလေးကို ချော့မြူ ဖို့ငှာ မေးဖျားလေးကို အသာပင့်ကိုင်လိုက်ရင်း
"ကိုယ် မနေ့ညက သိပ်နေမကောင်းလို့ စောစောအိပ်လိုက်တာ ချစ်ရဲ့.."
"အလကား :3 ညာနေတာ မဟုတ်လား လူဆိုးကြီး!"
သူမလေးက ချစ်စဖွယ် အသာလေးတွန်းလိုက်သော်လည်း ဘာလို့မှန်းမသိ အားပြင်းပြင်းနှင့် ဆောင့်တွန်းခံလိုက်ရသလိုမျိုး BaekHyun မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ထို့နောက် သူ့ကမ္ဘာလောကထဲ ရှိသမျှအရာအားလုံး ကြက်ပျောက်ငှက်ပျောက်~
💫💫💫
Byun BaekHyun's pov:
ဆိုးလ်မြို့၏ မနက်ခင်းကတော့ ပုံမှန်အတိုင်း သာယာလှပနေသော်ငြား ကုတင်ပေါ်က ပြုတ်ကျကာ နိုးထလာသူ ကျွန်တော့်အတွက် မသာယာသလို လှလည်းမလှပ။
မှောက်လျက်သား ပြုတ်ကျသည်မို့ ရင်ဘတ်နှင့် ဝမ်းဗိုက်နေရာတို့က အောင့်တောင့်တောင့်။
ဟိုတယ်ကြီးလည်း ပျောက်ချင်းမလှ ပျောက်ဆုံးကာ မာစီးဒီးစ်လည်း ဘယ်နေမှန်းမသိ...။
ချစ်ကြည်နူး တစ်တီတူးခဲ့သည့် မိန်းမလှလေးသည်လည်း လေထဲလွင့်ပါသွားသော သဲစများပမာ။
နာရသည့်ကြားထဲ အိပ်မက်လေးကို နှမြောတသဖြစ်ကာ စိတ်ညစ်ရသေးသည်။
နေ့သစ်တစ်နေ့၏ အစကို ဒီလိုမျိုး နိုးထလာရသည်မှာ သိပ်တော့ မကောင်းလှ..။
~ ကတောက်စ်! ကောင်မလေးနဲ့ သေချာတောင် မကြည်နူးလိုက်ရဘူးကွာ.. ~
အိပ်မက်ထဲမှာတောင်မှ မိန်းမပျို လှတပတလေးနှင့် အချိန်ကြာကြာ ကြည်နူးခွင့်မရသည့် ကိုယ့်အဖြစ်ကိုယ် ယူကြုံးမရဖြစ်ကာ စိတ်ဓာတ်ပင်ကျချင်လာသည်။
ဒီအတိုင်း ထိုင်ပြီး ဒီပရက်ရှင်ဝင်နေလို့ မဖြစ်သေး။
အချို့အချို့တွေလို ရွှေဇွန်းကိုက်ပြီး မွေးလာသူမဟုတ်... ဘဝပေးကံမကောင်းသည့် မိဘမဲ့ပေမို့ ကိုယ့်ဘဝကိုယ်ကျောင်းရန် ပြေးလွှားရပေဦးမည်။
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 1 장✨
Start from the beginning
