ဘုရားသခင်!
ထိုသောက်ကြောတင်း မေတ္တာတုံးလေးနှင့် နှစ်လတိတိ ဘယ်လိုနေထိုင်ရပါ့မလဲ။

🌟MY SPECIAL MAN🌟

To Be Continued >>

ဖတ်ဖူးခဲ့တဲ့ Manga တစ်ပုဒ်ဆီက ဇာတ်လမ်းကျောရိုးယူထားတာပါ။
နာမည်တော့ မမှတ်မိတော့ဘူးရယ်...။
အားလုံးသဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။
Joker & Harley ကိုရော ဒါလေးကိုရော တစ်ပတ်ကို တစ်ပိုင်းစီ update ပေးသွားမှာပါ။
ဖတ်ပေးကြပါဦး!!

suke_Y Thanks alot for your hard work, cover photo. Asuna😊 I really love it ~

#ChanBaekLove
#EternalChanBaek


Unicode

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်းရှိ အထင်ကရဟိုတယ်ကြီးများထဲက တစ်ခုဖြစ်သော 'MayField' ဟိုတယ်ကြီး၏ အရှေ့မျက်နှာစာတွင် နက်မှောင်ပြောင်လက်သော မာစီးဒီးစ်ကားတစ်စင်း ဝင်ရောက်လာ၏။

ဟိုတယ်အဝင်တံခါးပေါက်ရှေ့ အသင့်စောင့်ဆိုင်းနေသော ဟိုတယ်ဝန်ထမ်းများထဲမှ တစ်ဦးက ကားတံခါးဖွင့်ပေးလိုက်သောအခါတွင် ကားထဲကနေ မြေပြင်ပေါ် ကျလာသော တန်ဖိုးကြီး သားရေရှူ းဖိနပ်တစ်ဖက်...။

အညိုရင့်ရောင် ဆံပင်များကို ဂျယ်လ်နှင့် သပ်သပ်ရပ်ရပ် ဖြစ်အောင် သပ်တင်ထားသည်မှာ ခံ့ညားမှုတစ်ရပ်။
တော်ရုံ သာမန်မျက်နှာများနှင့် တင့်တယ်ဖို့ ခဲယဉ်းသော မျက်ရစ်မပါသည့် မျက်လုံးများက သူနှင့်ကျ တင့်တယ်စွာ ပနံရလို့။
ပါးလျလျ နှုတ်ခမ်းလွှာတို့ကို တင်းတင်းစေ့ပိတ်ထားသည်မှာလည်း တည်ကြည်မှု၏ ပြယုဒ်။

များပြားလှစွာသော ဟိုတယ်နှင့် အပန်းဖြေစခန်းတို့၏ ပိုင်ဆိုင်သူမှာ ထို Byun BaekHyun(변백현)ပင် ဖြစ်တော့သည်။

သွားရာလမ်းတလျှောက် ဦးညွတ်အရိုအသေပြုနေသူများအား မျက်လုံးနှင့်တောင် တစ်ချက်ဝေ့မကြည့်ပဲ ရောက်လိုရာသို့သာ ရှေးရှုသွားနေသော သူ့အမူအကျင့်တွင် သူ၏မာနနှင့် အရှိန်အဝါတို့ ထင်ဟပ်နေ၏။

ရုံးခန်းသို့ ရောက်ရှိသောအခါတွင် အခန်းထဲ ဘက်ခ်ဟျွန်းစောင့်မျှော်နေသော မိန်းမလှလေးသည် ထိုင်နေရာမှ ထလာကာ သူ့အား ဖက်တွယ်၍ ပါးပြင်ထက် အနမ်းတစ်ပွင့် ခြွေချလေသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now