"ဟုတ်ကဲ့... အစ်မ! ဂရုစိုက်သွားနော်"
"သားလေးကို အပ်ပါတယ် BaekHyunee ရယ်။ ကူညီပေးလို့ အရမ်းကို ကျေးဇူးတင်ပါတယ်"
"ရပါတယ် အစ်မရဲ့"
"သွားပြီ BaekHyun ရေ"
တိုက်ခန်းထဲမှ ထွက်ခွာသွားသော အစ်မ SaeJin အား နှုတ်ဆက်ကာ တံခါးအသာပြန်ပိတ်ပြီး နောက်လှည့်လိုက်သောအခါတွင် ကျွန်တော့်အား ရှုတည်တည်နှင့် ကြည့်နေသော ChanYeol ကို တွေ့ရလေသည်။
"BaekHyun! ကျွန်တော် နေရမယ့်အခန်းက ဘယ်မှာလဲ? အထုပ်တွေချချင်ပြီ"
စိတ်တိုမှုဒီဂရီလေး အနည်းငယ် မြင့်လို့လာသည်။
ဘယ်နှယ့်~ သူ့ထက် အသက်အများကြီး ကြီးတဲ့သူကိုများ အစ်ကိုတပ်မခေါ်ပဲ BaekHyun တဲ့။
ခေါင်းခေါက်ချင်လိုက်တာများ လက်ဆစ်ကို ယားလို့။
'ငါ' လို့မပြောပဲ 'ကျွန်တော်' လို့ သုံးသွားတာကိုတောင် ကျေးဇူးတင်ရမလို။
ဒေါင်းဇားလေး!
ကာလနာလေး!
မြွေပွေးကိုက်လေး!
"ကောင်စုတ်လေး! မင်းထက်ငါ အသက်ရှစ်နှစ်တောင် ကြီးတယ် သိရဲ့လား.. အစ်ကိုကြီး(형)တပ်ခေါ်! ကြားလား"
ခပ်ပြုံးပြုံးပင် ပြောလိုက်သော်ငြား အံကို ကြိတ်ထားရင်း ပြောကာ စိတ်နည်းနည်းတိုနေပြီမှန်း ဒင်းကလေး သိအောင် ပြလိုက်သည်။
ထိုအခါ ChanYeol က ခပ်တည်တည်မျက်နှာပေးနှင့်ပဲ မျက်လုံးလှန်ကြည့်ကာ တုံ့ပြန်၏။
"မခေါ်ချင်ဘူး.. ကိုယ့်စိတ်နဲ့ကိုယ်ပဲ။ ဘယ်အခန်းလည်း မြန်မြန်ပြောဗျာ"
ဒီသကောင့်သားလေးကို နားရင်းမအုပ်မိအောင် ထိန်းချုပ်ရသည်မှာ အချိန်အပိုင်းအလုပ်ကို မနားတမ်းလုပ်ရသည်ထက်ပင် ပိုပင်ပန်းလှသည်။
"ဟိုအခန်းကို ဝင်သွားလိုက် ကိုယ်တော်ရေ!"
လက်ရှိကျွန်တော် နေနေတဲ့ အခန်းကိုသာ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
သည်ကလေးနှင့်တော့ တစ်ခန်းထဲ အတူမနေနိုင်...။
အခန့်မသင့်ရင် သွေးတက်ပြီး အသက်ထွက်သွားနိုင်သည်မို့ မိဘများနေခဲ့သည့်အခန်း၌သာ နေရန် ဆုံးဖြတ်၏။
နေရမည့်အခန်းသိသည်နှင့် ချာခနဲလှည့်ကာ အခန်းရှိရာဆီထွက်သွားသော သောက်ကြောတင်းလေးကို စိတ်တိုတိုနှင့် ခြေထောက်နှင့် ကန်ရန် ရွယ်လိုက်သည်။
သူက အိမ်ပိုင်ရှင် ကိုယ်က အိမ်ငှားလိုမျိုးတောင် ခံစားလာရ၏။
"BaekHyun! ခင်ဗျားအခန်းက လူနေထားတာရော ဟုတ်ရဲ့လား? တစ်မြို့လုံးမှာ ရှိသမျှ အမှိုက်တွေ အခန်းထဲ လာပစ်ထားတာကျနေတာပဲ... ပြီးရင် လာရှင်းဦး!!"
ကိုယ်တော်လေးက ပြောချင်ရာ ပြောပြီးသွားသည်နှင့် အခန်းထဲ ပြန်ဝင်သွားလေသည်။
ကျွန်တော် ဆံပင်များကြားထဲ လက်နှစ်ဖက်ကို ထိုးထည့်ကာ ဆံပင်များကို အသာဆုပ်ကိုင်လျက်က အသံတိတ်အော်ဟစ်ပစ်လိုက်မိ၏။
ဘုရားသခင်!
ထိုသောက်ကြောတင်း မေတ္တာတုံးလေးနှင့် နှစ်လတိတိ ဘယ်လိုနေထိုင်ရပါ့မလဲ။
🌟MY SPECIAL MAN🌟
YOU ARE READING
🌟MY SPECIAL MAN{나의 특별한 남자}🌟
Fanfiction➳ Sometimes the heart sees what is invisible to the eyes. ➳ [H. Jackson Brown, Jr] Park ChanYeol (박찬열) Byun BaekHyun (변백현) Romance, Comedy Thanks Asuna for a lovely cover photo!!
✨제 1 장✨
Start from the beginning
