ကောင်လေးရဲ့ သွင်ပြင်က ချစ်စရာကောင်းနေပါလျက် မျက်နှာကမူ အပြုံးရိပ်မရှိပဲ တည်နေ၏။
ကျွန်တော်နှင့် စိမ်းနေတာကြောင့်များလားဟု တွေးကာ ကောင်လေးအား နွေးနွေးထွေးထွေးလေး ပြုံးပြလိုက်ပါသည်။

"နာမည်က ဘာလဲ??"
(이름이 뭐야??)

နွေးထွေးစွာ ပြုံးပြနေခိုက် ထို ChanYeol အမည်ရှိ ကောင်လေးဆီက ထွက်လာသော အမေးစကားကြောင့် အပြုံးလေး ပျောက်သွားသည်။

ခုမှ ပထမဆုံး တွေ့ဖူးသည့်အပြင် သူ့ထက် အသက်ရှစ်နှစ်တောင် ကြီးသည့် ကျွန်တော့်ကို ပြောသည့်ပုံစံက နည်းနည်းလေးမှ မယဉ်ကျေး။

သောက်မျက်နှာပေးလေးကလည်း ဖျတ်ရိုက်ချင်စရာ....
ချေမိုးနေပုံက... သူက အိမ်ရှင်လား ကိုယ်က အိမ်ရှင်လား မသဲကွဲ။
စောက်ခလေး -.-

တွေ့တွေ့ချင်း မိနစ်ပိုင်းလေးတင်ကို ဒီကလေးက မေတ္တာတုံးအောင် လုပ်သည်။

"ကိုကြီးနာမည် Byun BaekHyun လို့ ခေါ်တယ်"

သောက်မြင်ကပ်စရာ ကောင်လေး၏ ခေါင်းကို ဒေါက်ခနဲမြည်နေအောင် ခေါက်ချလိုက်ချင်သော်ငြား အစ်မ SaeJin ရှိနေတာမို့ ဆန္ဒလေးအား အသာပြန်မြိုချကာ လုပ်ပြုံးလေး ပြုံးပြီး ပြန်ဖြေလိုက်၏။

"သားက အဲ့လိုပဲ BaekHyunee ရယ်.. နည်းနည်းအကြောတင်းတယ်။ သည်းခံပေးနော်"

အစ်မ SaeJin မချိပြုံးလေးနှင့် ပြောလာသည်။
အစကတည်းကသာ ဒီသောက်ကြောတင်း မေတ္တာတုံးလေးအကြောင်း သိရရင် အကြောင်းမျိုးစုံပြကာ ငြင်းဆန်မိမည် ဖြစ်သည်။

ခုများမှတော့ ဘယ်တတ်နိုင်မလဲ။
နှစ်လလောက် သည်းခံရဦးမပေါ့...။

ကျွန်တော့်ရှေ့မှာ သူ့ကို အမေဖြစ်သူက အကြောတင်းလေးလို့ ပြောသည်ကို စောင်ခလေးက သောက်ဖက်ပင်မလုပ်။
ပေစောင်းစောင်းနှင့် လူကို လာကြည့်နေသေးသည်။

"ဒါဆို အစ်မသွားတော့မယ်နော်.. BaekHyunee နဲ့ စကားပြောချင်သေးပေမယ့် ညမိုးချုပ်သွားမှာစိုးလို့။ ကိုယ့်အကြောင်းကိုယ် သိတယ်..."

ရယ်ရယ်မောမောနှင့် အစ်မ SaeJin က ချစ်စရာကောင်းသလောက် သူမဘေးက သားဖြစ်သူ Park ChanYeol မှာမူ ပေကပ်ကပ်နှင့် သောက်မြင်ကပ်ချင်စရာလေး ဖြစ်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now