💫💫💫

ရေပန်းကနေတစ်ဆင့် ခန္ဓာကိုယ်နေရာအနှံ့အပြားပေါ် လျှောကျပြေးလွှားနေသော ရေစက်တို့က တစ်နေ့တာလုံး နွမ်းနယ်ခဲ့သမျှ ကုစားလို့ပေးနေသည်။

ခေါင်းပါလျှော်ချလိုက်သည့်အခါ ပိုလို့ပင် လန်းဆန်းသွားသလို...။
ရှပ်အကျႋီအဖြူ တစ်ထည်နှင့် ဒူးလောက်ဘောင်းဘီပွပွတစ်ထည်ကို ဝတ်ဆင်လိုက်ကာ စိုစွတ်နေသော ဆံပင်များအား တဘက်ဖြင့် ခပ်နာနာဖိသုတ်နေစဉ် တံခါးဘဲလ်သံမြည်လာလေ၏။

ဘယ်သူပါလိမ့်ဟု စဉ်းစားလိုက်ပြီးသည့်အခါမှ မနက်က အစ်မ SaeJin ဖုန်းဆက်ကာ အကူအညီတောင်းထားသည့်ကိစ္စကို ကျွန်တော် သတိရသွားသည်။

အလုပ်များနေတာနဲ့ အစ်မအကူအညီတောင်းထားတာတောင် မေ့နေပါလား။

နာရီကို ကြည့်လိုက်သောအခါ ခုနစ်နာရီတိတိ..။
ပြောခဲ့သည့်အတိုင်း အတိအကျကို ရောက်ရှိလာခြင်းပေ။

"ငါတို့ရဲ့ BaekHyunee လေး.. မတွေ့ရတာ တော်တော်ကြာပြီ"

အကူအညီတောင်းထား၍ မျက်နှာချိုသွေးသလားဘာလား မသိပေမယ့် အစ်မ SaeJin ၏ မျက်နှာက ပြုံးရွှင်လို့နေကာ လေသံကလည်း ချိုသာနေသည်။

အသက်သုံးဆယ်ကျော်ပြီဖြစ်သော အစ်မ SaeJin သည် အရွယ်နှင့်မလိုက်အောင် နုပျိုလှပလွန်း၏။

"အမယ်လေး ကြည့်စမ်း! ကောင်လေး~ ချောလာလိုက်တာ"

"အစ်မလည်း အရမ်းလှလာတယ်.. ဘာဆေးတွေသုံးလဲဗျာ"

နှစ်အတော်ကြာ အဆက်အသွယ်ပြတ်နေခဲ့သော အစ်မဖြစ်သူနှင့် လောကွတ်ချော်နေရသည်မို့ အနားတွင် ရပ်နေသော ဆယ်နှစ်ဝန်းကျင ်ကောင်လေးတစ်ယောက်ကို သတိမထားမိ...။

"ဒါ အစ်မရဲ့သားလေး.. ChanYeol တဲ့။ Park ChanYeol(박찬열)~"

အစ်မနှင့် စကားပြောနေရင်း ကျွန်တော့်အကြည့်တို့က အနားရှိ ထိုကောင်လေးထံ ဆင်းသက်သွားသည်ကို အစ်မ SaeJin က သတိထားမိပြီး သူမ၏သားဖြစ်သူနှင့် မိတ်ဆက်ပေးလာသည်။

ကောင်လေး၏ ခန္ဓာကိုယ်က အရမ်းကြီးဝတာမျိုးမဟုတ်ပဲ ခပ်ဖိုင့်ဖိုင့်ရယ်...
မျက်လုံးနှစ်လုံးက ဝိုင်း၍တောက်နေပြီး နားရွက်က အတော်အတန်ကားလေ၏။
မျက်မှန်လေး တပ်ထားသေးသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now