အသက်ဆယ့်ငါးနှစ်မှာ မိဘနှစ်ပါးလုံး ယာဉ်မတော်တဆမှုကြောင့် ဆုံးပါးသွားပြီးကတည်းက ကိုယ့်အားကိုကိုး၍ နေထိုင်လာခဲ့သည်မှာ ယခုဆို လေးနှစ်ရှိလေပြီ။
အစမှာ မကြာခဏ သေချင်စိတ်ဖြစ်လာမိလောက်အောင် ပင်ပန်းခဲ့သော်လည်း ခုတော့ နေသားကျနေပါပြီ။

မျက်နှာသစ်သွားတိုက်ရန် ရေချိုးခန်းထဲ ဝင်ခါနီး ကုတင်ပေါ် တင်ထားသည့် ဖုန်းဆီမှ စူးစူးဝါးဝါး ထမြည်လာသော ရော့ခ်တေးဂီတသံကြောင့် အိပ်ခန်းထဲ တစ်ခေါက် ပြန်ပြေးရသည်။

ဖုန်းခေါ်လာသူက ကျွန်တော်၏ အစ်မဝမ်းကွဲ...။ ဝမ်းကွဲဆိုသော်ငြား ဆွေမျိုးအတော်ဝေး၏။
ငါးဝမ်းကွဲလောက် ဖြစ်မည်ထင်သည်။

"ဟယ်လို~"

"ဟယ်လို BaekHyunee~"

သကြားပမာဏ ခပ်များများ ရောထားသလို ချိုမြနေသော လေသံကြောင့် ဒီအစ်မ အကူအညီတစ်ခုခု တောင်းတော့မည်ဟု ခန့်မှန်းလိုက်သည်။

"အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ ငါ့မောင်ရယ်။"

မဆက်သွယ်ဖြစ်သည်မှာ အချိန်ဘယ်လောက်ကြာပြီလဲ မတွက်ဆချင်သောကြောင့် သိလည်းမသိပေ။
ဆက်သွယ်လာသည့်အခါကျပြန်တော့လည်း ချိုအီအီလေသံနှင့် အကူအညီတောင်းလာလေသည်။

သို့သော်လည်း ဆွေမျိုးဖြစ်သည့်အပြင် အကူအညီလည်းယူခဲ့ဖူးသောကြောင့်

"အသံစကြားကတည်းက ကျွန်တော် ခန့်မှန်းမိပါတယ် အစ်မ SaeJin(세진)ရာ.. ဘာကူညီရမှာလဲ ပြော!"

"အစ်မတို့လင်မယားနှစ်ယောက်လုံး အလုပ်ကိစ္စနဲ့ ကနေဒါကို သွားရမှာ။ အဲ့ဒါ သားလေးကို ခေါ်သွားဖို့ အဆင်မပြေသေးလို့။ BaekHyunee အိမ်မှာ နှစ်လလောက် အပ်ထားခဲ့လို့ ရမလား"

တောင်းမယ့်တောင်းတော့လည်း အကူအညီက တကယ့်အကြီးကြီး။
ကျွန်တော့်ဖာသာကျွန်တော်တောင် မနည်းထိန်းကျောင်းနေရသည့်ဟာ.. ကလေးဘယ်လိုလုပ်ထိန်းနိုင်မတုန်း။

ကိုယ့်အလုပ်ကိုယ်တောင် မလုပ်ချင်လို့ ဖြစ်သလိုနေ ဖြစ်သလိုစား.. အိမ်ထဲ ရှုပ်ပွပြီး ဖြစ််ချင်တိုင်းဖြစ်နေတာ~ ကလေးတစ်ယောက်ရဲ့ ဝေယျာဝစ္စလုပ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now