Ch.42 The First Scene (Part.2)

Начните с самого начала
                                    


Tang Feng တစ်ကိုယ်ရည် အတွေးရွက်လွှင့်နေတဲ့ အချိန်အတွင်းမှာပဲ မိတ်ကပ်ဆရာမဘက်က ပြင်ဆင်ချယ်သမူ ပြီးဆုံးသွားတယ် ။ မိတ်ကပ်ဆရာမဟာ မှန်ထဲမှာပေါ်နေတဲ့ Tang Feng ရဲ့ ဂန္တဝင်ဆန်ဆန် ချောမောခန့်ညားလှတဲ့ ရုပ်သွင်ကိုကြည့်လိုက်ပြီး အပြုံးနဲ့ အခုလို ပြောလေတယ် ။

" အစကတော့ ရှင့်ကို accessories နည်းနည်း ထပ်ထည့်ပြီး ပြင်ပေးဦးမလို့ပဲ ။ ဒါပေမယ့် အခုတော့ ကျွန်မ စိတ်ပြောင်းသွားပြီ ။ ရှင့်က ဘာမှ ထပ်ဖြည့်စရာမလိုလောက်အောင် perfect ဖြစ်နေပြီ ။ "

ဆီးနှင်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီးတော့ ခါးထက်မှာ ငွေရောင် ခါးစည်းကြိုးနှင့် ချည်နှောင်ထားတဲ့ Tang Feng ရဲ့ကိုယ်နေဟန်ဟာ တင့်တယ် ကျော့ရှင်းလွန်းလှတယ် ။ မျက်နှာသွင်ပြင်ဟန်ပန်ဟာ ဆိုရင်လည်း ဆေးရယ်ချယ် သီမူန်းထားသလိုပဲ ။ ပိုးသားလို ဖြောင့်စင်းတဲ့ ဆံနွယ်ရှည်တွေနဲ့ဆိုတော့ သူ့ရဲ့ ပုံစံဟာ နှစ်ထောင်ချီလှတဲ့ ပန်ချီကားထဲကနေ လျှောက်လှမ်းထွက်လာတဲ့ ရှေးခေတ်စာပေသမား တစ်ယောက်လိုပဲ ။ တည့်မတ်နေတဲ့ ကိုယ်ခန္ဓာအချိုးအဆစ်ကြောင့် အရင်ကထက် ပိုမိုပြီး ချောမောခန့်ညားနေလေတယ် ။

Tang Feng တစ်ကိုယ်လုံးကနေ ဂုဏ်သရေရှိရှိ တင့်တယ်ကျော့ရှင်းမူတွေ ၊ ခန့်ညားထည်ဝါမူတွေ ဖြာဆင်းနေတယ် ။ တွေ့မြင်လိုက်ရတဲ့သူတွေရဲ့ စိတ်နှလုံးထဲမှာ ပူလောင်လွန်းလှတဲ့ နွေရာသီတစ်ရက်မှာ အိုအေစစ်တစ်ခုကို ရောက်သွားရသလို ငြိမ်းအေး နှစ်သိမ့်မူ ဖြစ်ပေါ်သွားစေလေတယ် ။

T.S note.... နဂိုရှိမှ နဂိုင်းထွက်ဆိုသလိုပဲ ။ အစကတည်းက smart ကျပြီးသား ကိုယ်တွေ Tang လေးဟာ ဘာမှ သိပ်အများကြီး ပြင်ဆင်မထားပဲ လုံးဝ elegant ဖြစ်နေတယ်လေ ။ အပြင်မှာ အရှင်လတ်လတ် မြင်လိုက်ရရင် ကိုယ်တွေဆို သေသွားနိုင်တယ် ။ ^_<

" ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို Nie Xiaoqian အမျိုးသားဗားရှင်း လုပ်လို့ရပြီ ထင်မိတာပဲ ။ "

T.S note... Nie Xiaoqian ဆိုတာ တရုတ် စိတ်ကူးယဉ် ဝတ္တုတို စာပေတွေထဲက ချောမောလှတဲ့ ဝိဥာဏ်မလေးပါ ။ သူမဟာ ဆိုရင် နတ်မိစ္စာရဲ့ အတင်းအကျပ် အမိန့်ပေး စေခိုင်းမူကြောင့် လူသတ်ယဇ်ပူဇော်ပသမူတွေထဲမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ် ။

True Star (Myanmar Translation )Место, где живут истории. Откройте их для себя