အပိုင်း (၇)

1.9K 261 14
                                    

[ Warning . . include Mature scene . .  ficအရ မဖြစ်မနေ ရေးရမဲ့ sceneဖြစ်တာမို့ပါ . . ဒါပေမဲ့ အနော် ratedမဆန်အောင် အသုံးအနှုန်းတွေ ရှောင်ထားပြီး အတိုချုံ့ထားပါတယ် ]

* No You No Life *

ကျွန်တော်ကို မချစ်သော . .

လှည့်စားပြီး အဝေးကို ပို့ခဲ့သော သူကို . .

မုန်းချင်သည် ။

မုန်းခွင့်ပြုပါ  ။

<><><><><>

<><><><><>

ကျွန်တော်တို့ နှစ်ယောက်ရဲ့ အသက်ရှုသံက လွဲပြီး ကားထဲမှာ တိတ်ဆိတ် ငြိမ်သက်နေ၏ ။

အပြင်ဘက်မှာတော့ ကားထဲက အခြေအနေနဲ့ ဆန့်ကျင်ဘက်ဖြစ်ကာ သစ်ပင်များမှ သစ်ရွက်များကို လေတိုးတိုက်ခတ်နေတာကြောင့် တရှဲရှဲ မြည်သံများနဲ့ ဆူညံနေသည် ။

လေရဲ့အနောက်ကနေ မိုးစက်များက ကပ်ပါလာခဲ့ပြန်သည် ။

'ကျွတ်စ်! မိုးရွာလာပြီ!'

jongin ဟြေရင်းနဲ့ သူဘေးက ကားမှန်ကို တင်လိုက်သည် ။
ဘေးနားက kyung sooဆီ ကြည့်လိုက်တော့ kyung sooက မိုးရွာနေတာကိုပင် သတိထားမိပုံ မပေါ် . .
ဒီအတိုင်း ငြိမ်သက်နေသည်မို့
သူကပဲ ကားမှန်ပိတ်ပေးဖို့ kyung sooဘက် ကိုင်းလိုက်မိစဉ်  . . .

အရင်က ခေါင်းတိုးဝင်ကာ
အိပ်ခဲ့ဖူးတဲ့ ရင်ခွင်နွေးနွေးလေးဆီက
ရနံ့များက လှမ်းကျီစယ်နေသလို . . .

'hyung သူကို ချစ်လား!'

ထိုနီးကပ်စွာ ရှိနေတဲ့အနေအထားအတိုင်းနဲ့ပဲ မေးလိုက်တော့
တစ်နေရာတည်းကို အသိလွတ်နေတဲ့အတိုင်း ကြည့်နေခဲ့တဲ့ မျက်ဝန်းတွေက
သူဆီ ရွေ့လျားလာကာ

'ဟမ်?? '

မကြားလိုက်သလို ထပ်မေးလာတာကြောင့် jongin သက်ပြင်းတစ်ချက်ကာ

'Ha soo nonnaကို ချစ်လား မေးနေတာ!'

ဟြေလိုက်ပြီးနောက် kyung soo မျက်ဝန်းတွေကို စိုက်ကြည့်နေခဲ့သည် ။

••

••

••

'သူမက ငါ့အတွက် အရေးပါတဲ့သူပါ'

No You No Life || COMPLETED || Where stories live. Discover now