အပိုင်း(၅)

2.7K 367 36
                                    

* No You No Life *

(မနေ့က upပြီး ဒီနေ့ ထပ်upတော့ မျက်စိများ နောက်သွားလား . . မနေ့ကအပိုင်း vote 50ကျော်ရင် နောက်တစ်ပိုင်းရေးမယ်လို့ အစတည်းက စိတ်ကူးထားလို့ပါ 😁😁 )

••

••

Laptopရှေ့မှာ ကျွန်တော် ထိုင်နေတာ . . နာရီဝက် ရှိနေပြီ . . hyungနဲ့ video call ခေါ်ပြီး အမြဲစကားဟြေနေကျ အချိန်ကို စောင့်နေတာပါ . .

ကျွန်တော် ဒီမှာ ရှိနေတဲ့ ခြောက်လလုံးး . . hyungနဲ့ အမြဲဒီအချိန်ဆို အဆက်အသွယ် လုပ်နေကြ .

ဒီနေ့ hyungကို မေးချင်တဲ့ စကားလုံးတွေ များနေတယ် . .

sehunတို့ ဖုန်းဆက်ဟြေတဲ့ . .

မင်းရဲ့hyungကို Lee Ha Soo noonaနဲ့ အမြဲ တတွဲတွဲ တွေ့နေရတယ်ဆိုတဲ့အကြောင်း . .

hyungရဲ့ဆိုင်ကို noonaက အမြဲလာတယ်ဆိုတဲ့ အကြောင်းတွေ . . 

Ha Soo noonaအကြောင်း  hyungကို  မေးကြည့်ချင်တယ် . . တစ်ဖက်မှာလည်း မမေးကြည့်ချင်တဲ့စိတ်က ရှိနေသေးသည် ။

' Hello! jongin စောင့်နေတာ ကြာသွားလား'

laptopဖွင့်ထားရင်း . . အတွေးတွေ နယ်ချဲ့နေမိတုန်း နားထဲ တိုးဝင်လာတဲ့ hyungရဲ့ အသံလေးး . . .

'မကြာသေးပါဘူးး. . ကျွန်တော် အားနေတာနဲ့ လိုင်းဖွင့်ထားလိုက်တာ . . ဒါနဲ့ hyung . . . '

ကျွန်တော် မေးကြည့်လိုက်ရမလား!

'အင်းး ဘာလဲဟင် jongin'

'hyung . . hyungမျက်နှာလေး ချောင်ကျနေသလိုပဲ . . နေမကောင်းဘူးလား'

မမေးတော့ဘူးးး. . hyung ဘာဖြေလာမှန်း မသိပေမဲ့ . .
ကျွန်တော် နားမထောင်ချင်တော့ဘူး . . hyungကို ကြည့်ရတာလည်း စိတ်နဲ့ကိုယ် မကပ်သလိုပဲ . . တဖြည်းဖြည်း ပိန်ပိန်လာတယ်

'အော်! hyung နေကောင်းပါတယ် ဒီအတိုင်း ဆိုင်ဖွင့်ထားတော့. . ဟိုဟိုဒီဒီက ဖိအားတွေ ရှိတယ်လေ . . အဲဒါတွေကို အာရုံစိုက်နေရလို့ပါ . .'

'ကျွန်တော်ကိုကျတော့ ကျန်းမာရေး ဂရုစိုက်ဆိုပြီး အမြဲဟြေနေပြီးတော့ . . hyungလည်း ဂရုစိုက်အုန်း . . အလုပ်တွေပဲ ဖိလုပ်မနေနဲ့ '

No You No Life || COMPLETED || Where stories live. Discover now